ဗီယက်နမ် အနမ်းတံတား အသစ် ဖွင့်လှစ် 


27 December, 2023

ဗီယက်နမ် အနမ်းတံတား အသစ် ဖွင့်လှစ် 

o Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ဗီယက်နမ် အနမ်းတံတား "Kiss Bridge" အသစ်သည် နှုတ်ခမ်းနှစ်ခု ထိလုထိခင် ဖြစ်နေပုံနှင့် ဆင်ဆင်တူသည်။
နှစ်စဉ် ဇန်နဝါရီလ ၁ ရက်ရောက်တိုင်း နေဝင်ချိန်တွင် တံတား၏ ထိလုနှီးပါး ဟနေသည့် နေရာမှာ နေဝင်သည်။

 

အနမ်းတံတားသည် အီတလီ ဗိသုကာပညာရှင် Marco Casamonti နှင့် ဇိမ်ခံခရီးသွားလုပ်ငန်း  Sun Group တို့ ပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်ဖြစ်သည်။

အနမ်းတံတားသည် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း လှပသော ကမ်းခြေများ အတွက် ကျော်ကြားသည့်။ Phu Quoc ကျွန်းတွင် တည်ရှိသည်။


တံတားသည် အရှည်  မီတာ ၈၀၀ (တစ်မိုင်ခွဲ) ကျော် ရှည်လျားပြီး သီးခြားစီ အပိုင်း နှစ်ပိုင်း ပါဝင်သည်။ ၎င်းနှစ်ပိုင်းကို မထိအောင် ဟပေးထားသည်။ ကြားအလပ်မှာ စင်တီမီတာ ၃၀ (၁၂ လက်မ) ရှိသည်။ 
ချစ်သူစုံတွဲသည် တံတားနှစ်ခြမ်း၏ တဖက်တချက်စီတွင် မတ်တတ်ရပ်၊ ရှေ့သို့ ခါးကိုင်း၍ အနမ်းပေးရမည် ဖြစ်သည်။ 
အနမ်းတံတား၏ ဗီယက်နမ်အမည်မှာ “Cau Hon” ဟူ၍ ဖြစ်သည်။  "လက်ထပ်ခွင့် တောင်းခြင်း" ဟု ဆိုလိုသည်။ 

 Sun Group သည် အလားတူ စီမံကိန်းမျိုးစုံကို ဦးစီးဆောင်ရွက်ခဲ့သည်။ ဒါနန်းမှ “Golden Bridge” စီမံကိန်းကိုလည်း  Sun Group က အကောင်အထည်ဖော်ခဲ့သည်။ 
ကြီးမားလှသော လက်တစုံက တံတားတခုကို ကိုင်ပြီး မ ထားသည့် ဒီဇိုင်းဖြင့် ရွှေတံတားကို တည်ဆောက်ထားသည်။

 

ရွှေတံတားသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁,၄၀၀ (၄၅၉၃ ပေ) တွင် တည်ရှိပြီး မီတာ ၁၅၀ (၄၉၂ ပေ) ရှည်လျားသည်။

Source cnn
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Infrastructure and Zones Read 300 times