ထီးပရူနူလိုဏ်ဂူကို အမေရိကန်ဒေါ်လာ ငါးသန်း ရင်းနှီးမြှုပ်နှံ၍  ခရီးသွားစီမံကိန်း ဖော်ဆောင်မည်


26 November, 2019

ထီးပရူနူလိုဏ်ဂူကို အမေရိကန်ဒေါ်လာ ငါးသန်း ရင်းနှီးမြှုပ်နှံ၍ သဘာဝ အပန်းဖြေစခန်းနှင့် ခရီးသွားစီမံကိန်း ဖော်ဆောင်မည်

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ထီးပရူနူလိုဏ်ဂူကို သဘာဝအပန်းဖြေစခန်း နှင့် ခရီးသွားစီမံကိန်း ဖော်ဆောင်ရန်အတွက် အမေရိကန်ဒေါ်လာငါးသန်း ရင်းနှီးမြှုပ်နှံ၍ ၂၀၂၀ ပြည့်နှစ်အတွင်းဖွင့်လှစ်နိုင်မည် ဖြစ် ကြောင်း ပြည်နယ်အစိုးရရုံးမှ သိရသည်။

ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီမှာ ဆွတ်ပိုက်ကုမ္ပဏီဖြစ်ပြီး ဧက ၅၀ အကျယ်အဝန်းအတွင်း ထီးပရူနူလိုဏ်ဂူအား လေ့လာနိုင်မည့်စီမံကိန်း အပြင် အခြားဆက်စပ်နေသော စီမံကိန်းနှစ်ခု ဖြစ်သည့် စက်ဘီးစီးအပန်းဖြေခြင်းနှင့် ဘန်ဂ လိုများဆောက်၍ အနားနိုင်ရန် စီမံကိန်းချထားပြီး ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်း လုပ်ဆောင်ခြင်းဖြစ်ပြီး ကယားပြည်နယ်အစိုး ရနှင့် ကုမ္ပဏီတို့ စက်တင်ဘာလအတွင်းက စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ လာမည့် ဒီဇင်ဘာလ တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထီးပရူနူရေထွက် သဘာဝလိုဏ်ဂူသည် ဌာနေတိုင်းရင်းသား ကယောလူမျိုးများနေ ထိုင်ရာ မော်သီဒိုကျေးရွာအနီးတွင် တည်ရှိပြီး ဖရူဆိုမြို့နှင့် ၁၀ မိုင်ခန့်သာဝေးကာ ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းရှိ ရေထွက်ပေါက် များ၏ ရေထွက်ဦး ရင်းမြစ်ဖြစ်ကြောင်းလည်း သိရသည်။

ထီးပရူနူမှာ သဘာဝရေတံခွန်ငယ်၊ မြေအောက်မြစ်၊ နှစ်ဖက်ပွင့် မြေအောက်ဂူများ ရှိသည့်အပြင် ကျောက်ပန်းဆွဲများရှိခြင်း၊ ဒီးမော့ဆိုမြို့နယ် ကွိုင်ငံရေထွက်ပေါက်သို့စီးဆင်းခြင်း၊ ငွေတောင်ဆည်၏ ရေထွက်ရင်းမြစ်ဖြစ်နေခြင်းများတွေ့ရကြောင်း ဒေသခံ များထံမှ သိရသည်။

ထိုရေထွက်သဘာဝလိုဏ်ဂူသို့ ကယားပြည်နယ်အစိုးရဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းခရီးစဉ် တိုးချဲ့ရန် နေရာသစ်ရှာဖွေမှုအတွက် ၂၀၁၇ ဖေဖော်ဝါရီ ၂၅ ရက်တွင် သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

Region Read 37 times