နိုင်ငံတကာစံနှုန်းအတိုင်း ကော့သောင်းလေဆိပ်ကိုအဆင့်မြှင့်တင်ရန် တင်ဒါခေါ်


13 August, 2019

ကော့သောင်းလေဆိပ်ကို နိုင်ငံတကာစံနှုန်းအတိုင်း အဆင့်မြှင့်တင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံသားရှယ်ယာ ၆၅ ရာခိုင်နှုန်းပိုင်သည့်မြန်မာကုမ္ပဏီများကို ဩဂုတ် ၈ ရက်တွင်ဖိတ်ခေါ်ထားသည်။

ဦးစီးဌာနက ကြေညာထားသည့် တင်ဒါတွင် ကုမ္ပဏီများသည် လေဆိပ်ကို နိုင်ငံတကာစံနှုန်းအတိုင်း ဖြစ်ရန် လေယာဉ်ပြေးလမ်း၊ ချိတ်ဆက်လမ်း၊ လေယာဉ်ရပ်နားနေရာ၊ လေဆိပ်အဆောက်အအုံအသစ်၊ထိန်းချုပ်စင်တာအသစ်၊ ကုန်ပစ္စည်းသိုလှောင်ရုံအသစ်စသည့် လေဆိပ်ထောက်ပံ့ရေးလုပ်ငန်းများ ပါဝင်ရမည် ဖြစ်ကြောင်း၊ကုမ္ပဏီများသည် လေဆိပ်ချဲ့ထွင်ခြင်း၊ လည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများအတွက်စုစုပေါင်း နှစ် (၂၀) နှင့်ထပ်တိုး (၁၀) နှစ် စုစုပေါင်းနှစ် (၃၀) ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။

လျှောက်ထားလိုသည့် ကုမ္ပဏီများသည် မြန်မာနိုင်ငံသား ရှယ်ယာ ၆၅ ရာခိုင်နှုန်း အနည်းဆုံးပါဝင်ပြီး အထူးကုမ္ပဏီ အဖြစ်ဖွဲ့စည်းထားရမည်ဖြစ်ပြီး ဝန်ကြီးဌာနသို့ နိုဝင်ဘာ ၂၉ ရက်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။

Local Office Read 185 times