ကန်သာယာ အိမ်ရာ အရောင်းပွဲတော်


03 November, 2020

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွှန့်မြို့နယ်ကန်တော်ကြီးဥယျာဉ်အနီးတွင်စင်ကာပူဒီဇိုင်းနည်းပညာဖြင့်တည်ဆောက်နေသော၂၅လွှာအမြင့်ရှိ ကန်သာယာအိမ်ရာစီမံကိန်း၉၀ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီးနှစ်ရှည်၁၅နှစ် အရစ်ကျဖြင့်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းယင်းအိမ်ရာစီမံကိန်းရုံးမှသိရသည်။

ယင်းအိမ်ရာအရောင်းပွဲတော်ကိုသြဂုတ်၅ရက်နှင့်၆ရက်တို့တွင်ကန်သာယာအိမ်ရာစီမံကိန်းအိမ်ရာဝင်းတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းသည်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်Asia Myanmar Construction Development(AMCD)ဆောက်လုပ်ရေးကုမ္ပဏီတို့မှမြေဧက ၃ဒသမ၅၃ ဧကပေါ်တွင်အကျိုးတူပူးပေါင်းပြီး

ဈေးပြိုင်စနစ်ဖြင့်ဖော်ဆောင်သောစီမံကိန်းဖြစ်ကြောင်းသိရသည်။

ယင်းအိမ်ရာတိုက်ခန်းများအားဝယ်ယူမည့်သူများမှကနဦးသွင်းငွေ၃၀ရာခိုင်နှုန်း သို့မဟုတ် ၅၀ရာခိုင်နှုန်းသွင်းရမည်ဖြစ်ကြောင်း၊ကျန်ငွေများအားဧရာဝတီဘဏ် သို့မဟုတ် ရိုးမဘဏ်တို့နှင့်

ချိတ်ဆက်ပြီး ၁၀နှစ် သို့မဟုတ် ၁၅နှစ်အရစ်ကျစနစ်နှင့်ဝယ်ယူနိုင်ကြောင်းသိရသည်။

လစဉ်သွင်း၁၅နှစ်အရစ်ကျစနစ်နှင့်လည်းဝယ်ယူနိုင်ကြောင်းသိရသည်။

အိမ်ရာတန်ဖိုး၏၅၀ရာခိုင်နှုန်းငွေသွင်းပြီးလျှင်နေထိုင်ခွင့်ရမည်ဖြစ်ကြောင်းAMCDဆောက်လုပ်ရေးကုမ္ပဏီ အမှုဆောင်ဒါရိုက်တာတစ်ဦးမှပြောကြားခဲ့ကြောင်းသိရသည်။

ထိုကွန်ဒိုအိမ်ရာတွင်အိပ်ခန်းသုံးခန်းပါ၁၆၈၀စတုရန်းပေ၊အိပ်ခန်းသုံးခန်းပါ၁၅၈၀စတုရန်းပေနှင့်အိပ်ခန်းနှစ်ခန်းပါ၁၄၈၀စတုရန်းပေအကျယ်ရှိအိမ်ရာအမျိုးအစားသုံးမျိူးရှိကြောင်း၊အိမ်ရာတွင်းရေကူးကန်၊ကလေးကစားကွင်း၊ အားကစားခန်းမနှင့်မိသားစုဧည့်တွေ့အခန်းများပါဝင်မည်ဖြစ်ပြီးအဆင့်မြင့်လုံခြုံရေးစနစ်များတပ်ဆင်ထား ကြောင်းသိရသည်။

ကန်သာယာစီမံကိန်းအား၂၀၁၃ခုနှစ်မေလတွင်စတင်တည်ဆောက်ခဲ့ပြီး၂၀၁၈ခုနှစ်ဖေဖော်ဝါရီလတွင်အပြီး တည်ဆောက်ရန်လျာထားကြောင်းသိရသည်။

Myawady Newspaper

Events Read 37 times