ဂျိုဟိုး-စင်ကာပူ RTS ရထားလမ်းပိုင်း တည်ဆောက်မှု ၆၅% ပြီးစီး


11 January, 2024

ဂျိုဟိုး-စင်ကာပူ RTS ရထားလမ်းပိုင်း တည်ဆောက်မှု ၆၅% ပြီးစီး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


မလေးရှားနိုင်ငံမှ စင်ကာပူအနီးရှိ ဂျိုဟိုးဘာရူးနှင့် စင်ကာပူတို့အကြား Johor Bahru-Singapore Rapid Transit System (RTS) ရထားလမ်းပိုင်း တည်ဆောက်မှု ၆၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်‌ပြေးဆွဲရန် စီစဉ်ထားသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် စင်ကာပူဘက်အခြမ်းသည် အလျား ၁.၃ ကီလိုမီတာ ရှိပြီး သုံးပုံနှစ်ပုံခန့် လုပ်ငန်းပြီးစီးနေပြီ ဖြစ်ပြီး မလေးရှားဘက်အခြမ်းသည် အလျား ၂.၇ ကီလိုမီတာ ရှိပြီး ၆၅% ပြီးစီးနေပြီ ဖြစ်သည်။

အဆိုပါ ရထားလမ်းပိုင်းသည် စင်ကာပူနှင့် မလေးရှား နယ်ခြား ဂျိုဟိုး ရေလက်ကြားပေါ်  ဖြတ်သန်း တည်ဆောက်ထားသည်။

၄ ကီလိုမီတာ ရှည်လျားသည့် RTS ရထားလမ်းတွင် လွန်းပျံရထား ပြေးဆွဲမည် ဖြစ်ပြီး ကြာချိန်မှာ ၅ မိနစ် ဖြစ်သည်။ အစုန်နှင့် အဆန် တနာရီလျှင် ခရီးသည် တသောင်း ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။ 

 

ဂျိုဟိုတွင် Bukit Chagar မှာ မြေပေါ်ဘူတာရုံ ထားရှိပြီး စင်ကာပူတွင် Woodlands North မှာ မြေအောက်ဘူတာရုံ ထားရှိသည်။ 

Bukit Chagar မြေပေါ်ဘူတာရုံ

 

Woodlands North မြေအောက်ဘူတာရုံ

 

 

စီမံကိန်း ကုန်ကျစရိတ်မှာ ရင်းဂစ် ၁၀ ဘီလီယံ (စင်ဒေါ်လာ ၂.၉ ဘီလီယံ) ဖြစ်ပါသည်။

မလေးရှားနိုင်ငံ Mass Rapid Transit Corporation (MRT Corp) အဆိုအရ မနက် ၆ နာရီမှ ညသန်းကောင်အထိ ရထား ပြေးဆွဲမည်။ အသွားအလာ မျသည့် နာရီများတွင် ၄ မိနစ်တကြိမ် ရထားထွက်ပေးမည် ဖြစ်ပြီး သာမန်အချိန်တွင် နာရီဝက် တစီး ထွက်မည် ဖြစ်သည်။ 

နယ်ခြားဖြတ်ကျော်သည့်အတွက် လူဝင်မှု ကြီးကြပ်ရေး ကင်းရှင်းချက်ကို ထွက်ခွာဘူတာတွင်သာ လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ပြီး ဆိုက်ရောက်ဘူတာတွင် မလိုအပ်ပါ။ 

ရထားလက်မှတ်ခကို မကြေညာသေးပါ။ 

 

တည်ဆောက်ပြီးစီးသည့်အခါ လုပ်ငန်းလည်ပတ်ရန် RTS Operations ထံ လွှဲပြောင်းပေးမည်။
RTS Operations သည် စင်ကာပူမှ ရထားအော်ပရေတာ SMRT နှင်ဘ မလေးရှား အများပိုင် လုပ်ငန်း Prasarana တို့ ၂၀၂၀ ပြည့်နှစ်တွင် စတင်ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း ဖြစ်ပါသည်။


Source asiaone 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Infrastructure and Zones Read 3603 times