(ပဲခူး-ကျိုက်ထိုလမ်းပိုင်း) စီမံကိန်းအတွက် JICA မှ ဂျပန်ယန်း ၄၃ ဘီလျံ ထောက်ပံ့မည်


19 December, 2020

ဂျပန်နိုင်ငံ/ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) သည် အရှေ့-အနောက် စီးပွားရေးစင်္ကြန် အဝေးပြေးလမ်း တည်ဆောက်မှု စီမံကိန်း (ပဲခူး- ကျိုက်ထို အဝေးပြေးလမ်းပိုင်းသစ်) နှင့် အသေးစား နှင့် အလတ်စား လုပ်ငန်းများ အတွက် ငွေကြေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (တတိယအဆင့်) တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအား ဂျပန်ယန်း ၄၃ ဘီလျံ ( မြန်မာကျပ် ၅၂၆ ဘီလျံ နီးပါး) ထောက်ပံ့ကူညီပေးသွားမည် ဖြစ်သည်။

 

အဆိုပါ သက်သာသောချေးငွေများကို မြန်မာနိုင်ငံ၏ပထဝီအနေအထား အားသာချက်ကို မြင်သာစေမည့် စင်္ကြန်လမ်း၏ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး နှင့် “ကုန်ကျစရိတ်နည်း” ၊ “အသုံးပြုရလွယ်ကူ” ၊ “ရက်စေ့ရန် ကြာမြင့်ချိန် အလည်အလတ်မှ ရေရှည်” နိုင်ငံတလွှား ငွေကြေးထောက်ပံ့မှုမျိုးဖြင့် SME လုပ်ငန်းများ COVID-19 ကူးစက်ရောဂါ ကြောင့် ဆုံးရှုံးမှုများမှ ပြန်လည်နာလန်ထူနိုင်ရေး တို့အတွက် ပံ့ပိုးကူညီပေးသွားမည် ဖြစ်သည်။

 

၎င်းစီမံကိန်းများသည် COVID-19 အလွန်တွင် သာယာဝပြောသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ခု ဖန်တီးနိုင်ရန် အုတ်မြစ်ချပေးနိုင်လိမ့်မည်ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ယုံကြည်မိပါသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ (နောက်တွင် “ မြန်မာနိုင်ငံ”) ၌ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့သည် စုစုပေါင်းတန်ဖိုး ဂျပန်ယန်း ၄၂,၇၇၉ သန်း (အမေရိကန်ဒေါ်လာ သန်း ၄၁၀ ခန့်) ရှိသော ချေးငွေစီမံကိန်းနှစ်ခုဖြစ်သည့် “အရှေ့-အနောက်စီးပွား‌ရေးစင်္ကြံ အမြန်လမ်းဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း (ပဲခူး-ကျိုက်ထိုလမ်းပိုင်း)” နှင့် “အသေးစားနှင့် အလတ်စားစီးပွား‌ရေး လုပ်ငန်းများ ဘဏ္ဍာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (အပိုင်း-၃)” တို့၏ စာချွန်လွှာ များကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါသည်။


“အရှေ့-အနောက်စီးပွား‌ရေးစင်္ကြံ အမြန်လမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (ပဲခူး-ကျိုက်ထိုလမ်းပိုင်း)” သည် အရှေ့-အနောက်စီးပွားရေးစင်္ကြံတွင်ပါဝင်ပြီး မကြာမီ ပဲခူး-ကျိုက်ထိုလမ်းပိုင်းတွင် အသစ်တည်ဆောက်မည့်မြို့ရှောင်လမ်းပေါ်တွင် တံတားအသစ် တစ်စင်းတည်ဆောက်သွားမည်ဖြစ်ပြီး လမ်းများနှင့်တံတားများ ပြုပြင်ထိန်းသိမ်းသည့် စနစ်ကိုမြှင့်တင်ရန်အတွက် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) ကို ပြန်လည်ပြုပြင်သွားမည် ဖြစ်ပါသည်။


“အသေးစားနှင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းများ ဘဏ္ဍာရေးဆိုင်ရာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း (အပိုင်း-၃)” သည် အသေးစားနှင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းများသို့ အပေါင်ပစ္စည်းဆိုင်ရာစည်းမျဥ်းများကို ဖြေလျှော့ထားသော ကာလလတ်နှင့်ကာလရှည် ချေးငွေများဖြင့် အရင်းအနှီးများကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်ရန်အတွက်လည်း ပံ့ပိုးကူညီသွားပါမည်။

Infrastructure and Zones Read 62 times