အင်ဒိုနီးရှား မြို့တော် နေရာပြောင်းရွှေ့မည်


21 January, 2022

အင်ဒိုနီးရှား မြို့တော် နေရာပြောင်းရွှေ့မည်


အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ကို ဂျကာတာမှ ဘော်နီယိုကျွန်း ကာလီမန်တန် တောအုပ်ဧရိယာသို့ ပြောင်းရွှေ့ရန် အင်ဒိုနီးရှား ပါလီမန်က အတည်ပြုပေးခဲ့ပါတယ်။
ကမ္ဘာ့ တတိယအကြီးကျွန်းကြီး ဘော်နီယိုကျွန်းမှာ ဘရူနိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ တည်ရှိနေပြီး အင်ဒိုနီးရှားက မြေဧရိယာ အများဆုံး ပိုင်ဆိုင်ထားပါတယ်။

 

 

နိုင်ငံမြို့တော်သစ် ဥပဒေကို အတည်ပြုပေးပြီး ဉပဒေနှင့်အညီ မြို့တော်အသစ်ကို အမေရိကန်ဒေါ်လာ ၃၂ ဘီလျံ ကုန်ကျမယ့် စီမံကိန်းဖြင့် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

မြို့တော်သစ်အမည်က နူစံတာရာ"Nusantara" ဖြစ်ပါတယ်။ 

မြို့တော်သစ် စီမံကိန်းကို သမ္မတ ဂျိုကိုဝီက ၂၀၁၉ ခုနှစ်မှာ ကြေညာခဲ့ပြီး ကိုဗစ်ကပ်ဘေးကြောင့် ရွှေ့ဆိုင်းထားခဲ့ရပါတယ်။

"Nusantara" က ဂျာဗားဘာသာစကားဖြင့် ကျွန်းစု archipelago" လို့ အဓိပ္ပာယ်ရပါတယ်။
 မြို့တော်သစ်အတွက်အမည် စဉ်းစားခဲ့ကြတာမှာ နောက်ဆုံးအဆင့် ဆန်ကာတင်အမည် ၈၀ ခု ရှိတဲ့အနက် နူစံတာရာကို သမ္မတက ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။

 

 

မြို့တော်သစ်အတွက် မြေဧရိယာ ၅၆,၁၈၀ ဟက်တာ သတ်မှထားပြီး စီမံကိန်းကြီးကို မြေဧရိယာ ၂၅၆,၁၄၂ ဟက်တာမှာ အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။
ကျန်တဲ့မြေဧရိယာကို နောက်နောင် တိုးချဲ့ဖို့ ထားရှိမှာ ဖြစ်ပါတယ်။

အတည်ပြု ပြဌာန်းလိုက်တဲ့ မြို့တော်သစ် ဥပဒေအရ နူစံတာရာမြို့တော်ကို State Capital Authority က အုပ်ချုပ်မှာ ဖြစ်ပြီး သမ္မတမှ ၅ နှစ်သက်တမ်း တိုက်ရိုက်ဦးဆောင်ရမှာ ဖြစ်ပါတယ်။ 

ယခုလို မြို့တော်သစ် နေရာပြောင်းတာကို မလေးရှားမှ ၂၀၀၃ ခုနှစ်က ဆောင်ရွက်ခဲ့ရာ၌ ကွာလာလမ်ပူမှ ပူတြာဂျာယားသို့ ရွှေ့ပြောင်းခဲ့ပါတယ်။ မြန်မာနိုင်ငံက ၂၀၀၆ ခုနှစ်မှာ ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။

လက်ရှိမြို့တော် ဂျာကာတာရဲ့ မြောက်ပိုင်း ရေအောက် ရောက်နေပြီ ဖြစ်ပြီး ယာဉ်ကြောကျပ်တည်းမှု ပြင်းထန်ပါတယ်။ အာရှရဲ့ ျလထုညစ်ညမ်းမှု အများဆုံး မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ 
နူစံတာရာမြို့တော်က အုပ်ချုပ်ရေး မြို့တော် ဖြစ်လာမှာဖြစ်ပြီး ဂျာကာတာက စီးပွားရေးနှင့် ငွေရေးကြေးရေး မြို့တော်အဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

နူစံတာရာမြို့တော်ကို အဆင့် ၅ ဆင့်ဖြင့် တည်ဆောက်မှာ ဖြစ်ပြီး ပထမအဆင့်ကို ယခုနှစ်မှာ စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ပြီးစီးမယ်လို့ လျာထားပါတယ်။

Region Read 883 times