အိမ်ရာစီမံကိန်းတွေ တည်ဆောက်ဖို့ ဂျပန်ကငွေချေးမယ်


12 December, 2019

အခြေခံလူတန်းစား အိမ်ရာစီမံကိန်းများတွင် အတိုးနှုန်းသက်သာစွာဖြင့် အရစ်ကျဝယ်ယူနိုင်ရန် ဂျပန်အစိုးရက ယန်း ၁၅ သန်း (မြန်မာငွေကျပ် ၁ဒသမ၅ ဘီလီယံ) ကူညီရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းထံက သိရပါတယ်။

‘‘Housing Finance Sup-port အတွက်ပါ။ ချေးငွေ က နောက်နှစ်လောက်မှ ရမယ်ထင်တယ်’’ လို့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

 ချေးငွေ ရရှိရန် ပြည်ထောင်စုအစိုးရအဖွဲ့အဆင့်က စီစဉ်နေခြင်းဖြစ်ပြီး လာမည့် ၂၀၂၀ မှ သာရနိုင်ဖွယ်ရှိကြောင်း ၎င်းကပြောသည်။

 လက်ရှိရောင်းချနေသည့် အိမ်ရာစီမံကိန်းများသည် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းရှိ၍ အတိုးနှုန်းများပြားသဖြင့် နိုင်ငံတကာမှ ချေးငွေရရှိပါက အတိုးနှုန်းလျှော့ချမည်ဟု ၎င်းကဆိုသည်။

 ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းသည် လက်ရှိတွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့က မြို့သစ်စီမံကိန်းတွင် ပါဝင်လုပ်ဆောင်ရန် ကမ်းလှမ်းခြင်းခံထားရပြီး တစ်နိုင်ငံလုံး၌ အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ပေးခြင်းကို ခံထားရ သည့် အဖွဲ့အစည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ တည်ဆောက်ရာ၌ ကျပ်သိန်း ၁၀၀ အောက်ဖြင့် တည်ဆောက်ရန် အစိုးရပိုင်းကပင် အခက်အခဲရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

 

Local Read 109 times