ဂျပန်အစိုးရချေးငွေ ဂျပန်ယန်း၆ဒသမ၈ဘီလီယံ အသုံးပြုပြီး ကော့ကရိတ်မြစ်ကူးတံတားတည်ဆောက်မည်


12 October, 2019

ကရင်ပြည်နယ်ရှိ ဂျိုင်း(ကော့ကရိတ်)မြစ်ကူးတံတားသစ်ကို ဂျပန်ယန်း၆ဒသမ၈ဘီလီယံဖြင့် ၂၀၂၁ခုနှစ်အတွင်းအပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်ကပြောကြားခဲ့သည်။

ဂျိုင်း(ကော့ကရိတ်)တံတားကိုJICA နဲ့ ဂျပန်အစိုးရရဲ့(ODA)ချေးငွေနဲ့လုပ်မှာပါ။အခုပန္နက်ရိုက်ပြီးလုပ်ငန်းစတင်နေပါပြီ။ ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီများဖြစ်တဲ့Hamza Ando Cooporation နဲ့ P.S Mitsubishi Co.Ltd တို့နဲ့ပူးပေါင်းတည်ဆောက်သွားမယ် ကြိုတင်အားဖြည့်ကွန်ကရိတံတားအမျိူးအစားဖြစ်တယ။် ယာဉ်တစ်စီးချင်းအတွက်တံတားခံနိုင်ဝန်ကတန်၆၀ဖြစ်တယ် ဟု၎င်းကဆိုသည်။

အဆိုပါတံတားသစ်သည် အရှည် ၁၉၀၃ ပေ၊ အကျယ် ၇၄ပေ ( လေးလမ်းမောင်းအကျယ်)ရှိပြီးသံမဏိကွန်ယက် ပြားများဖြင့် တည်ဆောက်ထားသော သုံးခန်းတွဲ ကြိုတင်အားဖြည့် သံကူ ကွန်ကရစ် ကြိုးဆိုင်းတံတား အမျိူးအစားဖြစ်ကာချဉ်းကပ်လမ်း၁ ဒသမ ၂ ကီလိုမီတာ ကို ကြိုတင်သွန်းလောင်း ကွန်ကရစ် အချပ်ဖြင့် နှစ်ခန်းတွဲ သံမဏိယပ်မတံတား အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Region Read 38 times