အီတလီကုမ္ပဏီက ကော့သောင်းတွင် ဟိုတယ်စီမံကိန်းတစ်ခု ရင်းနှီးမြှုပ်နှံ


02 September, 2019


ကော့သောင်းခရိုင်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်း တန်ဖိုးရှိသည့် ဟိုတယ်စီမံကိန်းတစ်ခု ဆောက်လုပ်ရန် အီတလီကုမ္ပဏီတစ်ခုကို ရင်းနှီးမြုှုပ်နှံခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါကုမ္ပဏီသည် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ကျွန်းမဲကြီးကျွန်းတွင် ခွင့်ပြုဧက ၁၇ ဧက အကျယ်အဝန်းဖြင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းကို Myanmar Green Century အမည်ဖြင့် ဆောင်ရွက်ခွင့်ရရှိမည် ဖြစ်သည်။

ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၀၀ သန်းနှင့်ဝင်ရောက်ရင်းနှီးမြှုပ်နှံလာသော အီတလီနိုင်ငံသည်  နှစ်ပေါင်း ၃၀ အတွင်း ရင်းနှီးမြှုုပ်နံှမှုမရှိခဲ့ဘဲ ပထမဆုံးအကြိမ် ရင်းနှီးမြှုုပ်နှံလာခြင်းဖြစ်သည်။

ဒါ့အပြင် ပြီးခဲ့သည့်ခရီးသွားရာသီတွင် အီတလီအခြေစိုက် Neos လေကြောင်းလိုင်းမှ ရန်ကုန်-မီလန် ခရီးစဉ်ကို တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ပျံသန်းပြေးဆွဲမှုရှိပြီး ဖြစ်သည်။

ယခုနှစ်တွင် အီတလီခရီးသွားဧည့်သည် တစ်သောင်းနီးပါးဝင်ရောက်မှုရှိကြောင်းသိရသည်။

 

Region Read 38 times