အိမ်ရာများကို လက်ရှိ ဈေးနှုန်းထက်ပိုမိုသက်သာသောဈေးနှုန်းဖြင့်တည်ဆောက်နိုင်တော့မည်


16 November, 2020

လူတန်းစေ့အိမ်ရာပိုင်ဆိုင်ရေးဆောင်ရွက်ချက်အနေဖြင့်တန်ဖိုးနည်းအိမ်ရာများကို လက်ရှိသတ်မှတ်ထားသောစျေးနှုန်းထက်ပိုမိုသက်သာသောနှုန်းထားဖြင့်တည်ဆောက်နိုင်ရေးအတွက်

ထိုင်း-မြန်မာပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ယင်းကဲ့သို့ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မကြာမီတွင်ထိုင်းဆောက်လုပ်ရေးကုမ္ပဏီများနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းတွင် Precast စနစ်နှင့် ပတ်သက်၍သွားရောက်လေ့လာပြီး တန်ဖိုးအနည်းဆုံးဖြစ်ရန်ပြည်သူများကို ရောင်းသည့်အခါတွင် အနိမ့်ဆုံးစျေးဖြစ်ရန် နည်းပညာအရပူးပေါင်းခြင်းဖြစ်ကြောင်း သိရသည်။

မကြာခင်အချိန် တွင်လည်းထိုင်းနိုင်ငံနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန်ရှိကြောင်းမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌမှ ပြောကြားကြောင်း သိရသည်။

ပူးပေါင်းဆောင်ရွက်ရေးအတွက်နားလည်မှုစာချွန်လွှာရေးထိုးပြီးပါကထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာများကိုရယူသွားမည်ဖြစ်သကဲ့သို့ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ

အသင်းဝင်ကုမ္ပဏီများပူးပေါင်း၍ အိမ်ရာဖော်ထုတ်တည်ဆောက်ရေးလုပ်ငန်းများကို လည်းဆောင်ရွက်သွားရန်ရှိကြောင်းသိရသည်။

လက်ရှိတွင်မြန်မာနိုင်ငံတွင် တန်ဖိုးနည်းအိမ်ရာအခန်းတစ်ခန်းလျှင် ကျပ်သိန်း၁ဝဝ ဝန်းကျင်ခန့်ပေါက်စျေးရှိနေပြီးအစိုးရအနေဖြင့် မြေနေရာပေးအပ်နိုင်ပါက

ပိုမိုစျေးသက်သာသည့်တန်ဖိုးနည်းအိမ်ရာများတည်ဆောက်နိုင်မည်ဖြစ်ကြောင်းဆောက်လုပ်ရေးလုပ်ငန်းရှင် များမှ သုံးသပ်ကြောင်း သိရသည်။

Public Housing Read 46 times