မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ


14 November, 2020

မြို့ပြဖွံ့ဖြိုးရေး အခြားနိုင်ငံများကဲ့သို့ပင်မြန်မာနိုင်ငံရှိလူဦးရေအများစုသည် ပညာရေး၊အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှုအခွင့်အလမ်းများအရ ကျေးလက်မှ မြို့ပြသို့ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။

အလားတူပင်လက်ရှိမြို့ပြပုံစံသည်ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများအတွက်စိန်ခေါ်များရှိလာသကဲ့သို့အခွင့်အလမ်းများလည်းရှိလာပြီး ပြည်သူအများစုအတွက် နေထိုင်ရန်ကောင်းမွန်ပြည့်စုံ၍ ရေရှည်ဖွံ့ဖြိုးသည့်သဘာဝပတ်ဝန်းကျင်ရှိသည့် မြို့ပြတစ်ခုလိုအပ်လျက်ရှိသည်။

မြို့ပြဖွံ့ဖြိုးရေးအဓိက အခွင့်အလမ်းများ အိမ်ခြံမြေရောင်းဝယ်ရေးနှင့် ဆောက်လုပ်ရေး ရန်ကုန်၊မန္တလေးနှင့်ပြည်နယ် တိုင်းဒေသကြီးများရှိဒုတိယမြို့တော်များတွင် တန်ဖိုးနည်းအိမ်ရာပရောဂျက်များတည်ဆောက်ခြင်း(၂ဝ၁၅-၂ဝ၁၆)ဘဏ္ဍာနှစ်အထိ ရန်ကုန်၊ပုသိမ်နှင့် မော်လမြိုင်မြို့များတွင် တန်ဖိုးနည်းအိမ်ရာတိုက်ခန်းပေါင်း (၂ဝ,ဝဝဝ)နီးပါးခန့်တည်ဆောက်ရန်စီမံဆောင်ရွက်လျက်ရှိပြီး အိမ်ရာလိုအပ်ချက်များသည်လည်း အရှိန်အဟုတ်ဖြင့် တိုးတက်လျက်ရှိသည်။ 

ရန်ကုန်မြို့လယ်ရှိရှေးဟောင်းကိုလိုနီအဆောက်အဦများထိန်းသိမ်းမွမ်းမံခြင်းတို့ဖြစ်သည်။

မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာနည်းလမ်းများ

မြို့ပြအစုအဖွဲ့အတွက်အများပိုင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတိုးတက်လာစေရေးလုပ်ငန်းတွင်ပါဝင်ရင်း နှီးမြှုပ်နှံခြင်း ပန်းခြံ၊ဖျော်ဖြေရေးနှင့်အနားယူအပန်းဖြေနေရာများတည်ဆောက်ခြင်းပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ပုဂ္ဂလိကပညာရေးကျောင်းများ(ပုဂ္ဂလိကတက္ကသိုလ်များ၊စီးပွားရေးသင်တန်းကျောင်းများ၊

အသက်မွေးဝမ်းကျောင်းသင်တန်းများ) ယာဉ်လမ်းကြောထိန်းကျောင်းမှုစနစ်နှင့် ယာဉ်အန္တရာယ်ဘေးကင်းလုံခြုံမှုစနစ်များ  မြို့ပြရေဆိုးနှင့် အညစ်အကြေးစီမံခန့်ခွဲမှုစနစ်  ရေဆိုးနှင့်အညစ်အကြေးသန့်စင်ခြင်းစနစ်  စားသုံးကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးခြင်း   

Dica Myanmar

Events Read 151 times