သံမဏိအဆောက်အဦးများအကြောင်းမိတ်ဆက်


04 February, 2021

သံမဏိအဆောက်အဦးဆိုသည်မှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ လိုအပ်မှုများနှင့် ဗိသုကာအဆောက်အဦးများတွင် စနစ်တကျ ပုံဖော်ထုတ်လုပ်ထားသော သံမဏိကိုယ်ထည်များဖြင့် အသုံးပြုသူ လိုအပ်သလို ဆောက်လုပ်ထားခြင်းဖြစ်သည်။

ဆောက်လုပ်ရေးအကြို အဆောာက်အဦးများဖြစ်သော အလတ်စားနှင့် အကြီးစားလုပ်ငန်းများတွင် အသုံးဝင်သည့် သံမဏိများဖြစ်သည်။

သံမဏိကိုယ်ထည်များသည် အဆောက်အဦးတစ်ခုလုံးအတွက် သံမဏိများဖြင့် အစိတ်အပိုင်းအားလုံးကို ထုတ်လုပ်ထားခြင်း ဖြစ်သည်။

သံမဏိကိုယ်ထည်များသည် ဆောက်လုပ်မှုလုပ်ငန်းအပေါ်မူတည်၍ ဆောက်လုပ်မည့်အစိတ်အပိုင်းများကို လိုအပ်သည့် ပုံသဏ္ဍာန်၊ အရွယ်အစားအတိုင်း ထုတ်လုပ်၍ ဆောက်လုပ်ခြင်းဖြစ်သည်။

သံမဏိကိုယ်ထည်များအတွက် အဓိကလိုအပ်ချက်မှာ သံနှင့်ကာဗွန်ဖြစ်သည်။ သတ္တုဒြပ်စင်၊ သတ္တုစပ်နှင့် အခြားဓါတုပစ္စည်းများ ပေါင်းစက်ခြင်းသည် သံနှင့်ကာဗွန်တို့၏ ခံနိုင်စွမ်းအားနှင့် ကြာရှည်အသုံးပြုနိုင်မှုအဆင့်ကို တိုးတက်စေသည်။

အဆောက်အဦးတစ်ခုချင်းစီအတွက် လိုအပ်သလိုထုတ်လုပ်နိုင်ခြင်းအပြင် သံမဏိကိုယ်ထည်များကိုလည်း အပူ/အအေး (သို့မဟုတ်) အတွဲအဆက်လိုက် (သို့မဟုတ်) ပုံသဏ္ဍာန်စုံ ထုတ်လုပ်နိုင်ပါသည်။
သံမဏိကိုယ်ထည်များသည် မျိုးစုံသော ပုံသဏ္ဍာန်၊ အရွယ်အစား၊ အတိုင်းအတာများရှိသည်။ ပုံမှန်အသုံးပြုနေသော ကိုယ်ထည် များမှာ I-Beam, channels, angles များဖြစ်သည်။

    • I-Beam:I-shaped cross section.
    • Z-Shape:has half a flange in opposite directions
    • HSS-Shape:Hollow structural section includes square, rectangular, circular (pipe) and elliptical cross sections
    • Angle:L-shaped cross section
    • Structural Channels:C-beam or C-shaped cross section
    • Tee:T-shaped cross section
    • Rail Profile:Strap rail, Flanged rail, Baulk rail, Barlow rail, Flat bottomed rail, Double-headed rail, Bullhead rail, Tangential turnouts, Grooved rail
    • Bar:a piece of metal, rectangular cross-sectioned and long, but not so wide so as to be called a sheet.
    • Rod:a round or square and long piece of metal, see also rebar and dowel.
    • Plate:metal sheets thicker than 4mm.
    • Open web joists

steel

အဓိကဆောက်လုပ်မှုအမျိုးအစားများ

    • Truss structures: Bar or truss members
    • Frame structures: Beams and columns
    • Grids structures: latticed structure or dome
    • Arch
    • Prestressed structures
    • Beam bridge
    • Truss bridge: truss members
    • Arch bridge
    • Cable-stayed bridge
    • Suspension bridge

သံမဏိကိုယ်ထည် အဆောက်အဦးများ၏ အားသာချက်များ

1. ငွေကုန်သက်သာခြင်း
ထုတ်လုပ်မှုစရိတ်သက်သာခြင်း၊ အခြားသောအဆောက်အဦးဆောက်လုပ်မှုများထက် လိုအပ်ချက်နှင့် ပြင်ဆင်ရမှု နည်းပါခြင်း တို့ကို  ပိုင်ဆိုင်နိုင်သည်။ ထို့အပြင် သံမဏိကိုယ်ထည် ၉၈ ရာခိုင်နှုန်းခန့်အား ပျက်စီးခြင်းမရှိဘဲ အခြားတည်ဆောက်မှုတစ်ခုတွင် ပြန်လည်အသုံးပြုနိုင်သည်။

 

2. တပ်ဆင်ရလွယ်ကူခြင်း
အလိုအလျောက်သုံး ခေတ်မှီနည်းပညာများဖြင့် ထိန်းချုပ်မှုများပြုလုပ်နိုင်သဖြင့် လျင်မြန်လွယ်ကူစွာ အလုပ်ပြီးမြောက်စေသည်။

3. ဘေးအန္တရာယ်ကင်းရှင်းခြင်း
သံမဏိကိုယ်ထည်များသည် စက်ရုံတွင်ထုတ်လုပ်ပြီး ဆောက်လုပ်မည့် လုပ်ငန်းခွင်နေရာတွင် တပ်ဆင်သောကြောင့် ဘေးထွက် ဆိုးကျိုးနည်းပါးစေသည်။ ဘေးအန္တရာယ်အနည်းဆုံးသော နည်းလမ်းတစ်ခုအဖြစ် စက်ရုံအလုပ်ရုံများစစ်တမ်းတွင် ဖော်ပြထား သည်။
အချိူ့သော သံမဏိကိုယ်ထည် အစိတ်အပိုင်းများသည် စက်ရုံတွင် တပ်ဆင်ခြင်းဖြစ်သောကြောင့် အနည်းငယ် ဆူညံခြင်းနှင့် ဖုန်မှုန့်များဖြစ်ပေါ်တက်သည်။
 

4. အသုံးဝင်မှု
တပ်ဆင်မှုနည်းအသစ်၊ တပ်ဆင်မှု အခြေအနေ၊ အကျယ်အဝန်း စသည်တို့သည် လိုသလိုပြင်ဆင်နိုင်ပြီး ဝယ်ယူသုံးစွဲသူ စိတ်တိုင်းကျ ပြင်ဆင်ထုတ်လုပ်တပ်ဆင်နိုင်သည်။
သံမဏိကိုယ်ထည်အဆောက်အဦးများသည် ဆောက်လုပ်ပြီးနှစ်များကြာသည့်တိုင် လိုအပ်သည့်အတိုင်း ကြမ်းခင်းများကို ထပ်မံဖြည့်စွက်နိုင်သည်။

How To Read 243 times