ဒဂုံမြို့သစ်တောင်ပိုင်း၌ နိုင်ငံတကာအဆင့်မီဖူဆယ်အားရုံတည်ဆောက်နေ

27 December, 2020

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း၌ နိုင်ငံတကာအဆင့်မီဖူဆယ်အားကစားရုံ တည်ဆောက် လျက်ရှိရာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

အဆိုပါ အားကစားရုံပြီးစီးသွားပါက ကစားသမားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ခြင်း၊ ပြည်တွင်း သာမက နိုင်ငံတကာကို သွားရောက်ယှဉ်ပြိုင်နိုင်မည့် ကစားသမားများ ထွက်ပေါ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ယင်းအားကစားရုံကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနခွဲဝေရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်း ဆက်လက်တည်ဆောက်ရန် ကျန်ရှိသေးကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။ 

နိုင်ငံတကာအဆင့်မီ ဖူဆယ်အားရုံသည် ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၂၅)ရပ်ကွက် ပုလဲရတနာ လမ်းတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာက စတင်တည်ဆောက်လျက်ရှိပြီး အလျား၂၄၉ ပေ ၊ အနံ ပေ ၁၉၀ ၊ အမြင့် ၅၇ ပေရှိကာ ငွေကျပ်သိန်း နှစ်သောင်းခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

အာကာစိုး (MDN)

Mixed Use and Urban Read 610 times