နိုင်ငံတကာမှရင်းနှီးမြှုပ်နှံသူများကလာရောက်ရင်းနှီးမြှုပ်နှံရန် အဆင်သင့်အနေအထားဖြစ်နေ


05 December, 2020

မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေသော်လည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများက လာရောက်ရင်းနှီးမြှုပ်နှံရန်အဆင်သင့် အနေအထားဖြစ်နေကြောင်း Oxford Business Group (OBG)၏ Editorial Manager Dario Medina မှ ပြောသည်။

          လက်လီလက်ကားစီးပွားရေးလုပ်ငန်းကဏ္ဍများအတွင်းမကြာသေးမီက ဖြစ်ပေါ်ခဲ့သော အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများအပါအဝင် ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စည်းမျဉ်းဥပဒေအပြောင်းအလဲများ ကြောင့် မြန်မာနိုင်ငံသည် ယခုအချိန်တွင် ရင်းနှီးမြှုပ်နှံသူအသစ်များနှင့် ငွေကြေးစီးဆင်းမှုအသစ်များကို ဆွဲဆောင်နေနိုင်ပြီဖြစ်ကြောင်း သိရသည်။

          OBG သည် အာရှ၊အာဖရိက၊အရှေ့အလယ်ပိုင်းနှင့် အမေရိကန် တိုက်များမှ နိုင်ငံပေါင်း ၃ဝ ကျော်တွင် နိုင်ငံတကာသုတေသနနှင့် အတိုင်ပင်ခံ လုပ်ငန်းလုပ်ကိုင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်၍ အစီရင်ခံစားများကို နှစ်စဉ်ထုတ်ပြန်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။လာမည့်နှစ်အတွက် ထုတ်ပြန်မည့် မြန်မာနိုင်ငံအတွင်းရှိနောက်ဆုံးပေါ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအစီရင်ခံစာအတွက် သုတေသန လုပ်ငန်းစဉ်များအတွက် စတင်ပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။

Real Estate & Properties Read 40 times