သင့်အိမ်၏ အတွင်းပိုင်းဒီဇိုင်းကို လှပအောင်လုပ်ရန် နည်းလမ်းများ


18 December, 2019

အိမ်အတွင်းပိုင်းပုံစံပြောင်းချင်ပေမယ့် ဘယ်လိုပုံစံပြောင်းရမှန်းမသိလို့ စိတ်ရှုပ်နေရသူများအတွက် အိမ်အတွင်းပိုင်း ဒီဇိုင်းဆန်းဆန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြမ်းပြင်၊ ကြမ်းခင်း

သစ်မာကြမ်းခင်းများဟာ အိမ်အလှဆင်ခြင်းမှ မရှိမဖြစ်လိုအပ်ပါတယ်။ သင့်အိမ်ကို အထင်ကြီးစေမယ်ဆိုရင်တော့ အင်ဂျင်နီယာပါကေး အမျိုးအစားများကို အသုံးပြုသင့်ပါတယ်။ ထို အမျိုးအစားများကတော့ သင့်အိမ်ရဲ့ကြမ်းပြင်ကို ကြော့ရှင်း ခေတ်မီပြီး တောက်ပစေမှာပါ။ လှပပြီး လတ်ဆတ်တဲ့ အသွင်အပြင်ကိုလည်း ဖြစ်စေပါတယ်။

လိုက်ကာ

လိုက်ကာများကတော့ သင့်ရဲ့အိမ်ကို ကြည့်လိုက်မယ်ဆိုသလျှင် အတွင်းရော အပြင်ရောကိုပါ လှပပြီး ကြည့်ကောင်းနေမှာပါ။ သင့်စိတ်ကြိုက်ဖြစ်စေမယ့် လိုက်ကာအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။

ရိုးရှင်းတဲ့ ပုံစံလေးကလည်း သင့်အိမ်ကို ကြည့်ကောင်းနေစေမှာပါ။

ရောမပုံစံမျိုးလေးကလည်း ဆန်းသစ်ပြီး လှပစေမှာပါ။

shuttersပုံစံမျိုးလိုက်ကာတွေကလည်း ခမ်းနားပြီးတော့ တင့်တယ်စေမှာပါ။

 

 

မီးအလင်းအရောင်

အိမ်အလှဆင်ရာမှာ မီးအရောင် ဒါမှမဟုတ် အလင်းရောင် စနစ်တစ်ခုကိုထားသင့်ပါတယ်။

မီးအလင်းရောင် အဆန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

 

 

 

Interior Decoration How To Read 470 times