ထိုင်း အိမ်ရာဈေးကွက် လူနေအိမ်ခန်းများ ရောင်းအား ဆက်လက်ကျဆင်း


22 November, 2023

ထိုင်း အိမ်ရာဈေးကွက် လူနေအိမ်ခန်းများ ရောင်းအား ဆက်လက်ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းနိုင်ငံ အိမ်ရာဈေးကွက်တွင် အိမ်ရာချေးငွေ အတိုးနှုန်းတက်ခြင်းသည် အနိမ့်ဆုံး ဈေးနှုန်းအတန်းအစား လူနေအိမ်ခန်းများအတွက် ဝယ်လိုအားကို ထိခိုက်ခဲ့သည်။
၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် လူနေအိမ်ခန်း ဝယ်ယူသည့် အရေအတွက် ဆက်လက်ကျဆင်းခဲ့သည်။


 


အိမ်ခြံမြေ သတင်းအချက် အလက်စင်တာ Real Estate Information Center  REIC ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က လူနေအိမ်ခန်းများ ဝယ်ယူကြသည့် အရေအတွက်သည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်မှစ၍ ယခင်နှစ်ထက် ၀.၈% ကျဆင်းခဲ့ပြီး ၈၄,၆၁၉ ခန်းမျှသာ ဝယ်ယူခဲ့ကြသည်ဟု  ပြောကြားသည်။
“ဒီနှစ်မှာ အတိုးနှုန်းက ဇန်နဝါရီမှာစပြီး မြင့်တက်တယ်။ မတ်လမှာ ဒုတိယအကြိမ် တိုးတယ်။ ဒုတိယသုံးလပတ်မှာ  အိမ်ရာဈေးကွက်ကို ဆက်လက်ထိခိုက်ခဲ့ပြီး ယမန်နှစ်ထက် ၄.၄% လျော့ကျတယ်။ ၉၁,၀၈၅ ခန်းပဲ ရောင်းရတယ်"ဟု ၎င်းက ပြောကြားသည်။

အတိုးနှုန်း ထပ်တိုးခြင်းများ ဒုတိယသုံးလပတ်မှာ ဆက်ရှိနေခဲ့သည်။ မေလမှာ တတိယအကြိမ် ထပ်တိုးသည်။ ဩဂုတ်လတွင် စတုတ္ထအကြိမ် ထပ်တိုးသည်။ စက်တင်ဘာလတွင် ပဉ္စမအကြိမ် တိုးပြန်သည်။
နောက်ဆက်တွဲ ရလဒ်အဖြစ် တတိယသုံးလပတ်တွင် အကြီးမားဆုံး ကျဆင်းခြင်းကို ကြုံရသည်။ ယမန်နှစ်ထက် ၇% ကျဆင်းခဲ့ပြီး ၉၄,၉၆၄ ခန်း ရောင်းချရသည်။

ယခု စတုတ္ထသုံးလပတ်တွင် ၂.၇% ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

ယမန်နှစ်က ဆက်တိုက် ပိုများခဲ့သည်။ ပထမသုံးလပတ်တွင် ၃.၈% ၊ ဒုတိယသုံးလပတ်တွင် ၈.၉%၊ တတိယသုံးလပတ်တွင် ၃၄.၉%၊ စတုတ္ထသုံးလပတ်တွင် ၁၂% ပိုများခဲ့သည်။


ထိုင်းနိုင်ငံတဝှမ်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ လူနေအိမ်ခန်း ၂၇၀,၆၅၀ ခန်း ဝယ်ယူခဲ့ကြသည်။

ဈေးအမြင့်တိုက်ခန်းများ ဝယ်ယူသည့် အချိုးအစား များသဖြင့် စုစုပေါင်းတန်ဖိုး ၁.၆% ပိုများခဲ့ပြီး ဘတ် ၇၆၆.၉၇ ဘီလီယံဖိုး ရှိခဲ့သည်ဟု Mr Vichai က ပြောကြားသည်။

ယခုနှစ် ပထမ ၉ လတာအတွင်း ဘတ် ၃ သန်းနှင့်အောက် လူနေအိမ်ခန်းများ ဝယ်ယူသည့် အရေအတွက် လျော့ကျခဲ့သည်။

အများဆုံး လျော့ကျသည်မှာ ဘတ် ၁ သန်းနှင့်အောက် လူနေအိမ်ခန်းများဖြစ်ပြီး ဒုတိယ အများဆုံး လျော့ကျသည်မှာ ဘတ် ၂ သန်းမှ ၃ သန်းအထိ လူနေအိမ်ခန်းများဖြစ်သည်ာ
တတိယအများဆုံး လျော့ကျသည်မှာ ဘတ် ၁ သန်းမှ ၁ သန်းခွဲအထိ လူနေအိမ်ခန်းများ ဖြစ်သည်။
စတုတ္ထအများဆုံး လျော့ကျသည်မှာ ဘတ် ၁ သန်းခွဲမှ ၂ သန်းအထိ လူနေအိမ်ခန်းများ ဖြစ်သည်။

ရောင်းအား အတက်ဆုံး အတန်းအစားမှာ ဘတ် ၇ သန်းခွဲမှ ၁၀ သန်းအထိ လူနေအိမ်ခန်းများ ဖြစ်သည်။

လူနေအိမ်ခန်းများကို အသစ်နှင့် တပတ်ရစ်ဟူ၍ အမျိုးအစား ခွဲခြားပြီး ကြည့်လျှင်  တပတ်ရစ် လူနေအိမ်ခန်း ဘတ် ၂ သန်းမှ ၃ သန်းအထိနှင့် ဘတ် ၃ သန်းမှ ၅ သန်းအထိ လူနေအိမ်ခန်းများ ရောင်းအား မြင့်တက်သည်။

လူနေအိမ်ခန်းအသစ် ဘတ် ၂ သန်းမှ ၃ သန်းအထိနှင့် ဘတ် ၃ သန်းမှ ၅ သန်းအထိ လူနေအိမ်ခန်းများ ရောင်းအား ကျဆင်းသည်။

လူနေအိမ်ခန်းများ အသစ်နှင့် အဟောင်းတို့တွင် ဈေးသက်သာသည့် အဟောင်းကို ဝယ်ကြသည်။ ဈေးချင်းတူနေလျှင် ပိုကျယ်ဝန်းသည့် အဟောင်းကို ဝယ်ကြသည်။
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

 

Residential Read 305 times