(၅၃) ဧက အကျယ်အဝန်းရှိ အင်တာမိုင်ယာမီအသင်းရဲ့ ကစားကွင်းအသစ်


17 December, 2020

အင်တာမိုင်ယာမီ အသင်းရဲ့ အိမ်ကွင်း စီမံကိန်းဟာ ကုန်ကျစရိတ်အားဖြင့် ပေါင်သန်း ၇၅၀ ရှိတယ်လို့ သိရပါတယ်။

 အင်တာမိုင်ယာမီ အသင်းဟာ ယခင် အင်္ဂလန် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ ကလပ်အသင်းဖြစ်ပြီး အသင်းအခြေစိုက်ရာ မိုင်ယာမီမှာ ထိပ်တန်း အဆင့်ရှိ ဘောလုံးပွဲတွေကို ကျင်းပခွင့်ရဖို့ မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။

 အင်တာမိုင်ယာမီအသင်းရဲ့ ပွဲဦးထွက် ပွဲစဉ်ကို မတ်လ (၁၄) ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး နာမည်ကျော် LA ဂလက်စီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

 လက်ရှိအိမ်ကွင်းအဖြစ်ကစားမယ့် Fort Lauderdale Stadium က ပရိသတ်ပေါင်း (၁၈၀၀၀) သာဝင်ဆံ့ပြီး ၂ ရာသီသာ အသုံးပြုသွားမည်ဖြစ်ပြီး နောက်ပိုင်းကာလတွေမှာတော့ လေ့ကျင့်ရေးကွင်းအဖြစ် ပြောင်းလဲအသုံးပြုမယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

 အင်တာမိုင်ယာမီအသင်းအတွက် အသစ်တည်ဆောက်ထားတဲ့ ကစားကွင်းသစ် Miami Freedom Park ကို ပြောင်းလဲယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

 ကစားကွင်းသစ်ကတော့ (၅၃) ဧက အကျယ်အဝန်းရှိပြီး ပရိသတ် (၂၅၀၀၀) ဆံ့တဲ့ ပွဲကြည့်စင်ပါဝင်မှာဖြစ်ပြီး စားသောက်ဆိုင်တန်းတွေနဲ့ အမှတ်တရပစ္စည်းဆိုင်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

 အသင်းရဲ့ အိမ်ကွင်း Fort Lauderdale Stadium ကို ဇန်နဝါရီ (၈) ရက်နေ့က ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေမှာဆိုရင်လည်း ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေ လုပ်ကိုင်နေဆဲမြင်ကွင်းကိုသာ မြင်တွေ့ခဲ့ရတာကြောင့် လာမယ့် ၂၀၂၂ အထိ ပြီးပါမလား မေးခွန်းထုတ်နေကြပါတယ်။

Local Mixed Use and Urban Read 87 times