အင်းစိန်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီး (၆)ထပ်ဆောင်သစ်ဖွင့်လှစ်


24 December, 2019

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ ဒိုင်းမွန်းမာကျူရီကုမ္ပဏီမှ ကျပ်သန်းပေါင်း (၁၇၉၈)ဖြင့် ဆောက်လုပ်ခဲ့သည့် အင်းစိန်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီး (၆)ထပ်ဆောင်သစ်ကို ဒီဇင်ဘာ ၂ဝ ရက်က ဖွင့်လှစ်ခဲ့သည်။

ယင်းဆေးရုံကြီး၌ မြေညီထပ်တွင် အရေးပေါ်နှင့် ပြင်ပလူနာဌာန လူနာများ၊ ပထမထပ် တွင်အရေးပေါ် ခွဲစိတ်ခန်းနှင့် အထူးကြပ်မတ်ကုသခန်းများ၊ ဒုတိယထပ်နှင့် တတိယထပ်၌ သားဖွားနှင့် မီးယပ်လူနာများ၊ စတုတ္တထပ်နှင့် ပဉ္စမထပ်မှာ အရိုးအကြောနှင့် လက်ပိုင်းဆိုင်ရာလူနာများကို သက်ဆိုင်ရာ လူနာဆောင်အလိုက် ကုသမှုပေးနိုင်မည်ဖြစ်သည်။

ယင်းဆေးရုံသစ်ကြီးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား နံ့သာရည်များ ပက်ဖျန်းပေးသည်။

အင်းစိန်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမေစန်းချိုက (၆)ထပ်ဆောင်သစ် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်အဖြစ် (၆)ထပ်ဆောင်သစ် ပုံစံငယ် ကျောက်စီပန်းချီကားများ ပေးအပ်ခဲ့သည်။

 

 

Events Read 488 times