အဆင့်မြင့်အိမ်ရာ အထူးအရောင်းပြပွဲမှာ Inno City ပါဝင်မည်


08 December, 2019

ရန်ကုန်လေဆိပ်နဲ့ ရှစ်ကီလိုမီတာအကွာ ဥက္ကလာဂေါက်ကွင်းနဲ့ ဆက်စပ်နေတဲ့ Inno City ဟာ လေးကြိမ်မြောက် အဆင့်မြင့်အိမ်ရာ အထူးအရောင်းပြပွဲမှာ ၎င်းတို့ရဲ့ အခန်းတွေကို ပါဝင် ပြသသွားမှာ ဖြစ်ပါတယ်။

          အဆင့်မြင့်အိမ်ရာ အထူးအရောင်းပြပွဲတော်ကို တပ်မတော်ခန်းမမှာ ယနေ့ စတင် ကျင်းပလျက်ရှိပြီး ၂၀ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

          မြန်မာနိုင်ငံမှာ Inno City ဟာ ၂၀၀၇ ခုနှစ်ကစပြီး ဟံသာဝတီ Golf Clup & Resort, INNO-Yes Garment, INNO-Segye Garment, INNI Packaing, Yes Money Changer တွေကို စတင် လုပ်ဆောင်ခဲ့ပါတယ်။

          ၂၀၁၅ ခုနှစ်မှာတော့ စတုရန်းမီတာ တစ်သိန်းခြောက်သောင်းငါးထောင်ခန့် ကျယ်ဝန်းပြီး အခန်းပေါင်း ၇၄၄ ခန်း ပါဝင်တဲ့ INNO City Project ကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

          Service apartment, Hotel, Convention Centre, Bus Terminal တို့ကို အတူတကွ ပူးပေါင်းစီစဉ် ထားတဲ့ စုပေါင်းနေထိုင်ရာ ယဉ်ကျေးမှုနေရာတစ်ခု ဖြစ်လာနိုင်ပြီး တစ်ခုချင်းစီမှာ အဝင်ထွက်ပေါက်တွေ ထားရှိပြီး စနစ်တကျ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

          သုံးဖက်မြင်ဒီဇိုင်းနဲ့ တည်ဆောက်ထားပြီး ဂေါက်ကွင်း၊ အင်းယားကန်နဲ့ ရွှေတိဂုံဘုရား စတာတွေကို မြင်တွေ့နိုင်မယ့် အခန်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။

          ဒါ့အပြင် ရေကန်ပါဝင်တဲ့ ပန်းခြံ၊ ကျန်းမာရေး လမ်းလျှောက်ထွက်ဖို့အတွက် လျှောက်လမ်း၊ Roof Garden ပါဝင်အောင် ဆောက်လုပ်ထားတဲ့အတွက် Wealthy Life ဖြစ်စေမှာ ဖြစ်ပါတယ်။

Events Read 184 times