သဲ / ရွံ့စေးတူးယူခွင့် (အုတ်) ထုတ်လုပ်ခွင့် လိုင်စင်လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ


01 March, 2020

(၁) လျှောက်ထားသူ၏ လျှောက်လွှာ (အခွန်တံဆိပ်ခေါင်းပါရှိရမည်)

 (၂) မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) တစ်စုံစီ (အခွန်တံဆိပ်ခေါင်းပါရှိရမည်၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင် / မြို့နယ် ထွေ/အုပ်တို့၏ တံဆိပ်ဝိုင်းများ၊ လက်မှတ်များ၊ ကိုယ်ပိုင်အမှတ်များ ပါရှိရမည်)

 (၃) သဲထုတ်လုပ်ခွင့် လျှောက်ထားသောနေရာ၊ သဲစုပုံမည့် နေရာ၊ သဲသယ်ယူမည့်လမ်းကြောင်း စသည်တို့ကို ဖော်ပြထားသည့် တည်နေရာပြ မြေပုံနှင့် ပတ်ဝန်းကျင်ပြမြေပုံ (မြေစာရင်းရုံး၊ ရေအရင်းအမြစ်ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက် ကူးယူရန်)

 (၄) လျှောက်ထားသူ၏ထွက်ဆိုချက်

 (၅) လျှောက်ထားသူမှ လိုင်စင်ကြေးငွေအား အပြေအကျေ ပေးဆောင်ပါမည်ဖြစ်ကြောင်း ဝန်ခံ ကတိပြုချက်

 (၆) ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထွက်ဆိုချက်(သို့မဟုတ်) ထောက်ခံချက်

Tips Read 316 times