ဂေါ်ရန်ဂျီကျွန်းတွင် သတင်းအချက်အလက် မျှဝေစင်တာ နှင့် ဝါးဘန်ဂလိုများ ဆောက်လုပ်မည်


02 November, 2020

 

၂၀၁၇ ခုနှစ်အတွင်းခရီးသွားများစိတ်ဝင်စားမှုများလာသည့်ဧရာဝတီတိုင်းငရုတ်ကောင်းဒေသတွင် ရှိသည့်ဂေါ်ရန်ဂျီကျွန်းမှာ သဘာဝနှင့်ကိုက်ညီသည့်ဝါးဘန်ဂလိုလေးများကို လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့် ဒေသခံများပူးပေါင်းပြီးဆောက်လုပ်ထားကြောင်းသိရသည်။

ထို့ပြင်ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကိုသတင်းအချက်အလက်မျှဝေပေးနိုင်မည့်သတင်းအချက်အလက်စင်တာ တစ်ခုကိုလည်းခရီးသွားပွင့်လင်းရာသီဖြစ်သည့်စက်တင်ဘာလမှာလုပ်ငန်းစတင်သွားမည် ဖြစ်ကြောင်းသိရသည်။

ငရုတ်ကောင်းဒေသ၏အနောက်ဘက်ကမ်းခြေခရီးသွားရပ်ဝန်းဖွံ့ဖြိုးရေးအတွက်ဘန်ဂလိုများတည်ဆောက်နေ ခြင်းဖြစ်ကြောင်းလဲသိရသည်။

ဂေါ်ရန်ဂျီကျွန်းမှာလက်ရှိအချိန်အထိခရီးသွားဝင်ရောက်မှုကိုမှတ်သားထားခြင်းမရှိတဲ့အတွက် မကြာမီ စတင်တော့မည့်သတင်းအချက်အလက်စင်တာမှတစ်ဆင့်သိရှိရမည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်တွေရော ပြည်တွင်းခရီးသွားဧည့်သည်တွေပါ တိကျတဲ့  သတင်းအချက်အလက်တွေသိရန်သတင်းအချက်အလက်ဌာနကိုလည်း စက်တင်ဘာလမှာ စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။

သတင်းအချက်အလက်ဌာနကိုနသပုကျေးရွာမှာ Another Development နှင့်ကျေးရွာမှလူများပူးပေါင်းပြီး ပြုလုပ်ခြင်းဖြစ်ကာစတင်အကောင်အထည်ဖော်သည့်အချိန်တွင်ဖေ့စ်ဘုတ်ခ်မှ တစ်ဆင့် ကြေညာသလို လက်ကမ်းစာစောင်တွေနဲ့လည်း ကြေညာသွားမှာ ဖြစ်တယ်လို့ Another Development က အ မှုဆောင်အရာရှိ ဒေါ်မို့မို့အေးက ပြောပါတယ်။

ယင်းစင်တာမှတစ်ဆင့်ခရီးသွားများအတွက်ဘယ်နေရာကိုဘယ်လိုသွားရသည်ကိုလမ်းညွှန်ပြနိုင်မည်ဖြစ်ပြီး အန္တရာယ်မရှိအောင်လည်းသတင်းအချက်အလက်ဌာနမှတစ်ဆင့်ညွှန်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

ခရီးသွားများလာရောက်သည့်အခါငွေထုတ်ငွေလွှဲကောင်တာများလည်းထားရှိနိုင်ရန်စီစဉ်နေကြောင်းလဲသိရ သည်။

ခရီးသွားရာသီမှာဂေါ်ရန်ဂျီကျွန်းကိုနေ့စဉ်လူဦးရေထောင်ကျော်ဝင်ရောက်နေသည့်အတွက်သန့်ရှင်းရေးအပိုင်း၊ လုံခြုံရေးအပိုင်းများကိုလည်းဆောင်ရွက်နေကြောင်းသိရသည်။

ဝန်ဆောင်မှုများမှာဂေါ်ရန်ဂျီကျွန်းတွင်ခရီးသွားများနေထိုင်ရန်သဘာဝနှင့်ကိုက်ညီသည့်ဘန်ဂလိုများဆောက် လုပ်ရန်လူထုအခြေပြုခရီးသွားလုပ်ငန်းများနည်းပညာများပံ့ပိုးပေးကြောင်းသိရသည်။

လက်ရှိမှာ ဂေါ်ရန်ဂျီကျွန်းနဲ့ အနီးဆုံးဖြစ်သည့်နသပုကျေးရွာမှာ ဝါးဘန်ဂလိုငါးလုံး ဆောက်ထားပြီး တစ်လုံးကို ၂၀,ဝဝဝ နှုန်းနဲ့ လူလေးယောက်အထိနေလို့ရပါသည်။

ထို့ပြင်ဘန်ဂလိုကိုဝါးနဲ့ဆောက်ထားပြီးခေါင်မိုးကိုဓနိနဲ့မိုးထားခြင်းဖြစ်ကြောင်းသိရသည်။

ဝါးနဲ့တည်ဆောက်သည့်ဘန်ဂလိုများမှာတစ်လုံးကိုကျပ်ခြောက်သိန်းခန့်သာကုန်ကျပြီး သစ်နဲ့တည်ဆောက်ထားတဲ့အခြားဘန်ဂလိုများထက်ကျပ် ၁၅ သိန်းသက်သာကြောင်းသိရသည်။
ဝါးနဲ့ဆောက်လုပ်သည့်ဘန်ဂလိုများကို အလုံး ၂၀ အထိဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဂေါ်ရန်ဂျီကျွန်းလူထုအခြေပြုလုပ်ငန်းများလုပ်ကိုင်သည့်အခါတွင်ဧရာဝတီတိုင်းငရုတ်ကောင်းဒေသမှာ ရွာပေါင်း ၆၈ ရွာရှိတဲ့အတွက်ဇုန်သုံးဇုန်ခွဲထားပါသည်။

ယင်းဇုန်သုံးဇုန်မှာ ဂေါ်ရန်ဂျီကျွန်း၏ကမ်းရိုးတန်းရှိသည့်ဘက်မှစပြီးမြောက်ကနေတောင်ကိုသွားတာ ဖြစ်ကြောင်းသိရသည်။

ဂေါ်ရန်ဂျီကျွန်း၏အနီးစပ်ဆုံးရွာကတော့ နသပုကျေးရွာဖြစ်ပြီးယင်းနသပုကျေးရွာမှာလည်း ဘန်ဂလို ငါးခုကို လူထုအခြေပြုလုပ်ငန်းနဲ့ပတ်သက်ပြီးလုပ်ထားကြောင်းသိရသည်။

ငရုတ်ကောင်းဒေသရဲ့ ဇုန် (၁) နဲ့ ဇုန် (၃ )မှာတော့ home stay ဆိုသည့်အိမ်မှာလက်ခံပေးတဲ့ ဝန်ဆောင်မှုမျိုးလုပ်ဆောင်နေသည်ဟုလည်းသိရသည်။

ခရီးသွားများကို ဒေသခံများနှင့်အတူ အိမ်များတွင်နေထိုင်သည့်စနစ်ကိုလက်ရှိအချိန်မှာတော့ ဇုန် (၁ ) မှာ လက်ခံပေးမရှိသေးကြောင်းသိရသည်။

imyanmarhouse

Office and Retail Region Read 41 times