တန်ဖိုးနည်း ခေါက်အိမ်များ


02 November, 2020

တရုတ်နိုင်ငံမှ တင်သွင်းပြီး အသင့်ဆောက်လုပ်နိုင်သော တန်ဖိုးနည်းခေါက်အိမ်များ ဖြန့်ချိရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ထိုတန်ဖိုးနည်းခေါက်အိမ်များကို Treasure Triangle ကုမ္ပဏီမှ တင်သွင်းထားကြောင်းသိရသည်။

ယင်းခေါက်အိမ်များကို ကုန်သေတ္တာများနှင့် ပုံစံတူပြီး မီးမလောင်နိုင်သော IEps Panel ဆောက်လုပ်ရေးကုန်ကြမ်းသုံးပစ္စည်းများအသုံးပြုကာ မိနစ်ပိုင်းအတွင်း ကရိန်းဖြင့်ချိတ်ဆက်တည်ဆောက်နိုင်သည် ကိုတွေ့ရသည်။


မြေနေရာရှိရုံဖြင့် အသင့်ဆောက်လုပ်နိုင်သည့် တန်ဖိုးနည်းခေါက်အိမ်များကို တစ်အိမ်လျှင် ကျပ်သိန်း ၅၀ ဖြင့် တရုတ်နိုင်ငံမှ တိုက်ရိုက်တင်သွင်းကာ စတင်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။


အထူးသဖြင့် မီနီမတ်၊ ကော်ဖီဆိုင်၊ ဆိုင်ခန်းများနှင့် ဂိုဒေါင်များအဖြစ် အသုံးပြုနိုင်သကဲ့သို့ အပန်းဖြေနေရာများတွင် ဘန်ဂလိုအဆောင်များအဖြစ်အဓိကအသုံးပြုမည့် ဈေးကွက်ကို ရည်ရွယ်ထားကြောင်းသိရသည်။


နောက်ပိုင်းတွင် အိမ်ဝယ်ယူရန်မတတ်နိုင်သည့် ဝင်ငွေနည်းလူတန်းစားများအတွက် အဓိကရည်ရွယ်ထားသည် ဟုသိရသည်။


အခန်းအတွင်းပိုင်းတွင် အခန်းဖွဲ့ခြင်း၊ဝရန်တာပြင်ဆင်ခြင်း၊ ပါကေးခင်းခြင်းများနှင့် အခြားအလှဆင်ခြင်းများကို လည်း လုပ်ကိုင်ပေးမည်ဖြစ်ကြောင်းသိရသည်။

မြေအလွတ်ရှိပြီး ဆောက်လုပ်စရိတ်သက်သာလိုသော လုပ်ငန်းရှင်များအနေဖြင့် ကော်ဖီဆိုင်ဖွင့်လှစ်ခြင်း၊ ဘန်ဂလိုဆောက်လုပ်ခြင်းများပြုလုပ်နိုင်ပြီး နိုင်ငံခြားတွင်အများဆုံးအသုံးပြုလေ့ရှိကြောင်းသိရသည်။


တန်ဖိုးနည်းခေါက်အိမ်တန်ဖိုးမှာ ကျပ်သိန်း ၅၀ ရှိကြောင်းသိရသည်။

7 Day Daily

Global Public Housing Read 351 times