အင်ဒိုနီးရှား မြို့တော်သစ် ပြည်ပရင်းနှီးမြှုပ်နှံမှု မရ၊ ပြည်တွင်း ဘီလျံနာများ ရင်းနှီးမြှုပ်နှံ


09 December, 2023

အင်ဒိုနီးရှား မြို့တော်သစ် ပြည်ပရင်းနှီးမြှုပ်နှံမှု မရ၊ ပြည်တွင်း ဘီလျံနာများ ရင်းနှီးမြှုပ်နှံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်ဖြစ်သည့် ကျွန်းစုဟု အဓိပ္ပာယ်ရသော နုဆန်တာရာ Nusantara  ကို ဘော်နီယိုကျွန်းရှိ သစ်တောအတွင်း တည်ဆောက်မည် ဖြစ်သည်။

ဘော်နီယိုကျွန်းမှ  အရှေ့ ကာလီမန်တန်ပြည်နယ်ရှိ မြေဧရိယာ ဟက်တာ ၂၆၀,၀၀၀ နီးပါးကို လာမည့်မြို့တော်အသစ် နုဆန်တာရာအတွက် သတ်မှတ်ပြဋ္ဌာန်းထားပြီးပြီ ဖြစ်သည်။


လက်ရှိမြို့တော် ဂျာကာတာသည် တဖြည်းဖြည်းဖြင့် ပင်လယ်ရေမျက်နှာအောက်သို့ ရောက်ရှိသွားမည်ဖြစ်သဖြင့် ကန်ဒေါ်လာ ၃၂ ဘီလီယံတန် မြို့တော်သစ် စီမံကိန်းကို သမ္မတ ဂျိုကို ဝီဒူဒူက ၂၀၁၉ ခုနှစ်တွင် စတင်အကောင်အထည် ဖော်ခဲ့သည်။ အဆင့် ၅ ဆင့်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၄၅ ခုနှစ်တွင် ပြီးစီးရန် အစီအစဉ် ရေးဆွဲထားသည်။  

ပထမအဆင့်ကို ၂၀၂၂ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။ 

မီဂါစီမံကိန်းကြီးတွင် အစိူရက ၂၀% ထည့်ဝင်မည်။ ကျန်သည့် ၈၀%ကို ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် ပုဂ္ဂလိကကဏ္ဍမှ အရင်းအနှီး ထည့်ဝင်ရမည် ဖြစ်သည်။
 
သို့သော် နုစန်တာရာသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခြင်း မရှိချေ။ ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားကြောင်း ပြသကြသော်လည်း ရင်းနှီးမြှုပ်နှံသည့် အဆင့်သို့ မရောက်ကြချေ။

အင်ဒိုနီးရှား မြို့တော်သစ် နူဆန်တာရာအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်
https://www.industrialdirectory.com.mm/article/indonesia-woos-foreign-investment.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

ပြီးခဲ့သောနှစ်တွင်၊ SoftBank သည် စီးပွားရေးအရ အလားအလာ မရှိဟု ဆိုကာ ရင်းနှီးမြှုပ်နှံရန် ကြေညာထားသည့် အစီအစဉ်များကို ရုပ်သိမ်းခဲ့သည်။


ဇွန်လတွင် သမ္မတ ဂျိုကို ဝီဒူဒူက နုစန်တာရာသည် စင်ကာပူတွင် ရင်းနှီးမြှုပ်နှံသူများကို “ရွှေအခွင့်အလမ်း” ဟု ပြောပြကာ စည်းရုံးခဲ့သည်။
မကြာသေးမီလများအတွင်း အင်ဒိုနီးရှား ဘီလီယံနာသူဌေးကြီးများက နုစန်တာရာတွင် ရင်းနှီးမြှုပ်နှံပေးခဲ့ကြသည်။

ဇူလိုင်လတွင် Candra Ciputra ဦးဆောင်သော Ciputra မိသားစုက ဟက်တာ ၃၀၀ ပေါ်တွင် ဖွံ့ဖြိုးရေး စီမံကိန်းကို အကောင်အထည်ဖော်မည်ဟု ကြေညာသည်။ ရင်းနှီးမြှုပ်နှံသည့် ပမာဏကို ထုတ်ဖော်ပြောကြားခြင်း မပြုချေ။
Ciputra မိသားစု၏ အသားတင် ကြွယ်ဝမှုသည် ကန်ဒေါ်လာ ၁.၇ ဘီလီယံ ဝန်းကျင် ရှိသည်။
ကွယ်လွန်သူ ဗိသုကာပညာရှင် Ciputra ထူထောင်ခဲ့သည့် အိမ်ခြံမြေ ဖွံ့ဖြိုးရေးလုပ်ငန်း အင်ပါယာကို အမွေဆက်ခံသည့် မိသားစု ဖြစ်သည်။
Ciputra Development သည် အင်ဒိုနီးရှားတွင် အကြီးမားဆုံး အိမ်ခြံမြေ လုပ်ငန်းစုကြီးများထဲတွင် ပါဝင်ပြီး မြို့ကြီး ၃၃ မြို့တွင် စီမံကိန်း ၇၀ ကျော်ကို လုပ်ကိုင်လျက် ရှိသည်။ သားကြီးဩရသ Candra Ciputra က Ciputra လုပ်ငန်းစုကို ဦးဆောင်သည်။


 နုစန်တာရာတွင် Ciputra လုပ်ငန်းစုက အကောင်အထည်ဖော်သည့် စီမံကိန်းတွင် လူနေအိမ်များ၊ ဟိုတယ်များ၊ ညီဘာခံကျင်းပရန် ခန်းမအဆောက်အဦများ၊ ဂေါက်ကွင်းများ၊ ရုက္ခဥယျာဉ်များ ပါဝင်သည်။ စီမံကိန်းကာလမှာ ၅ နှစ် ဖြစ်ပါသည်။


စက်တင်ဘာလတွင် သမ္မတဝီဒူဒူသည် Hotel Nusantara အဆောက်အဦ ပန္နက်ချသည့် အခမ်းအနားကို အင်ဒိုနီးရှား ဘီလျံနာများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
အင်ဒိုနီးရှား ဘီလျံနာများ ပါဝင်ဖွဲ့စည်းထားသည့် ကုမ္ပဏီစုကြီးသည် မြို့တော်သစ် စီမံကိန်းများတွင် ကန်ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု ၎င်းက အခမ်းအနားတွင် ကြေညာပါသည်။

Hotel Nusantara သည် စီမံကိန်း ၅ ခု လျာထားသည့်အနက် ပထမဆုံး စတင်လိုက်သည့် စီမံကိန်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
Hotel Indonesia Kempinski Jakarta အပါအဝင် ဟိုတယ်များ လုပ်ကိုင်သည့် Djarum Group မှ 
 R. Budi နှင့် Michael Hartono ဘီလျံနာ ညီအစ်ကို၊ Grand Hyatt Jakarta နှင့် Eddy Katuari တို့ကို ပိုင်ဆိုင်ပြီး Apurva Kempinski Bali တည်ဆောက်ခဲ့သည့် Widjaja မိသားစု အစရှိသည့် ဘီလျံနာများ ရင်းနှီးမြှုပ်နှံကြသည်။

အင်ဒိုနီးရှား အစိုးရက ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီ ၃၀၀ နီးပါးထံမှ စိတ်ဝင်စားမှု ရှိကြောင်း ပြောကြားခဲ့သော်လည်း ထဲထဲဝင်ဝင် ပါဝင်ခြင်း မရှိကြသေးချေ။ 
ယခုအထိ မြို့တော်သစ် နုစန်တာရာတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံသူဟူ၍ အင်ဒိုနီးရှား ဘီလီယံနာများသာ ရှိပါသည်။

Source Bloomberg 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Region Read 418 times