အင်ဒိုနီးရှား မြို့တော်သစ် နူဆန်တာရာတွင် လေဆိပ်စမ်းသပ်မှု စတင်‌တော့မည်


29 January, 2024

အင်ဒိုနီးရှား မြို့တော်သစ် နူဆန်တာရာတွင် လေဆိပ်စမ်းသပ်မှု စတင်‌တော့မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Budi Karya Sumadi က အရှေ့ကာလီမန်တန်ရှိ တည်ဆောက်ဆဲ နူဆန်တာရာ  မြို့တော်အသစ်ရှိ နူဆန်တာရာ လေဆိပ် Nusantara Airport(IKN) သည် ၂၀၂၄  ခုနှစ် ဇူလိုင်လတွင် ပြီးစီးရန် ရည်မှန်းထားပြီး စမ်းသပ်အသုံးပြုမည်ဟု ကြေညာပါသည်။

 

 ဝန်ကြီး၏ ပြောကြားချက်အရ လေဆိပ်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်ရာတွင် စက်ယန္တရားများ ထပ်ဖြည့်ထည့်ခြင်း၊ အလုပ်ချိန် တိုးခြင်း နှင့် မြေယာပိုင်ဆိုင်မှုဆိုင်ရာ ဖြေရှင်းခြင်းများ ဆောင်ရွက်ပေးသည်။

 

လေဆိပ်တွင် တာမင်နယ် ဧရိယာသည် ၇၃၅၀ စတုရန်းမီတာ ကျယ်ဝန်းပြီး လေယာဉ်ကွင်း ဧရိယာ ၃၄၇ ဟက်တာ ရှိသည်။ ပြေးလမ်းသည် အရှည် ၃,၀၀၀ မီတာ နှင့် အကျယ် ၄၅ မီတာ ရှိသည်။ ကိုယ်ထည်အကျယ် လေယာဉ် အမျိုးအစားများ ဖြစ်ကြသည့် Boeing 777-3000ER နှင့်  Airbus A380 မော်ဒယ်များ အသုံးပြုနိုင်သည်။

 

နူဆန်တာရာ ၏ အနောက်ဘက်နှင့် အရှေ့ဘက် ဆက်သွယ်ပေးမည့် မောင်းသူမဲ့ ပင်ကိုမောင်းနှင်ရထားအတွက် ရထားလမ်း ဖောက်လုပ်လျက်ရှိပြီး  ရထားလမ်းကို အဆင့် နှစ်ဆင့်ဖြင့် အကောင်အထည် ဖော်လျက်ရှိသည်။ ဩဂုတ်လတွင် ပထမအဆင့် ပြီးစီးမည် ဖြစ်ပြီး ၎င်းလမ်းပိုင်းကို စတင်ပြေးဆွဲရန် စီစဉ်ထားသည်။

၎င်းရထားတွင် ခရီးသည် ၃၂၄ ဦး လိုက်ပါနိုင်သည့် ရထားတွဲ နှစ်တွဲ ပါဝင်သည်။ 

ရထားသည် အမြန်ဆုံး အမြန်နှုန်း တနာရီ ကီလိုမီတာ ၇၀ အထိ ရသော်လည်း တနာရီ ၄၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပြေးဆွဲမည်

Source thestar


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Infrastructure and Zones Read 338 times