နယူးဒေလီ-ဘန်ကောက် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း ၇၀ ရာခိုင်နှုန်း ပြီးစီး


02 July, 2023

နယူးဒေလီ-ဘန်ကောက် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း ၇၀ ရာခိုင်နှုန်း ပြီးစီး


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့ကို မြန်မာနိုင်ငံ ဖြတ်သန်းပြီး ဆက်သွယ်ပေးသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ၄ လမ်းသွားအဝေးပြေးလမ်းမကြီး India–Myanmar–Thailand Trilateral Highway (IMT Highway)သည် ယခုအခါ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု အန္ဒိယနိုင်ငံ ပြည်ထောင်စုဝန်ကြီး Nitin Gadkari က ပြောကြားသည်။

.

အိန္ဒိယ၊ ထိုင်းနှင့် မြန်မာတို့သည် ကီလိုမီတာ ၁၄၀၀ ခန့် ရှည်လျားသော အဝေးပြေးလမ်းမကြီးကို ဖောက်လုပ်လျက်ရှိသည်။

 

.

ကုန်းလမ်းဖြင့် အရှေ့တောင်အာရှနှင့် အိန္ဒိယနိုင်ငံကို ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းမကြီးသည် သုံးနိုင်ငံအကြား ကုန်သွယ်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလာရေး ဆက်ဆံရေးကို မြှင့်တင်ပေးမည့် လမ်းမကြီးဖြစ်သည်။

“စီမံကိန်းရဲ့ ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ”ဟု ကုန်းလမ်းနှင့် ပို့ဆောင်ရေး ဝန်ကြီးက ပြောကြားသည်။

.

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ အိန္ဒိယ- မြန်မာ နယ်စပ်မြို့ မိုးရေးမှ ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်အထိ လမ်းပိုင်းသည် မြန်မာနိုင်ငံကို ဖြတ်သန်းသွားသည်။ 

.

ဗျူဟာမြောက် အဝေးပြေးလမ်းစီမံကိန်းသည် ရည်မှန်းချက် ကြီးမားသော်လည်း အကောင်အထည်ဖော်ရာတွင် နှောင့်နှေးနေပါသည်။

 မူလက ရည်မှန်းထားကြသည်မှာ ၂၀၁၉ ခုနှစ်တွင် စတင်အသုံးပြုရန် ဖြစ်ပါသည်။

 Source PTI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Infrastructure and Zones Read 2085 times