အိန္ဒိယ လူကူးကြိုးတံတား ပြတ်ကျရသည့် အကြောင်းရင်းမှန်


31 October, 2022

အိန္ဒိယ လူကူးကြိုးတံတား ပြတ်ကျရသည့် အကြောင်းရင်းမှန်

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

အိန္ဒိယအနောက်ပိုင်းမှာ တနင်္ဂနွေနေ့က  ကြိုးတံတား ပြတ်ကျခဲ့တာကြောင့်  လူပေါင်း ၁၃၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
 
• အင်္ဂလိပ်တို့ အိန္ဒိယကို အုပ်စိုးစဉ် ၁၈၇၇ ခုနှစ်တွင် ဂူဂျာရတ်ပြည်နယ် Morbi မြို့၌ တည်ဆောက်ခဲ့သည်။
• လူကူးတံတားသည် အကျယ် ၁.၂၅ မီတာရှိပြီး Macchchhu မြစ်ပေါ်တွင် ၂၃၃ မီတာ ရှည်လျားသည်။
• ဒေသအာဏာပိုင်များက အဆိုပါတံတားကို တံတားတည်ဆောက်စဉ်ကာလတုန်းက  ဥရောပ ခေတ်မီနောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားသဖြင့်   "အင်ဂျင်နီယာအံ့ဖွယ်တစ်ပါး" ဟု ဂုဏ်ယူပြောဆိုလေ့ ရှိသည်။
•  တစ်မူထူးခြားသော နေရာတစ်ခုအဖြစ် လူအများ လာရောက်ကြပြီး ဓာတ်ပုံ ဗီဒီယို ရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ပြကြသည်။
* တံတားကို ပြုပြင်ထိန်းသိမ်းရန်နှင့် စီမံခန့်ခွဲရန် Ajanta နာရီနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်သော Oreva  လုပ်ငန်းစုက ၁၅ နှစ်သက်တမ်း ကန်ထရိုက်ကို ယခုနှစ်တွင် စတင် ရရှိထားသည်။
* ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်တွင် ပြန်ဖွင့်လှစ်ခဲ့သည်။
* တံတားပြန်ဖွင့်ကြောင်း မြူနီစပယ်သို့ အကြောင်းကြား အသိပေးခဲ့ခြင်း မရှိချေ။ သို့ဖြစ်ရာ မြူနီစပယ်က တံတားကို စစ်ဆေးပေးပြီး ကြံ့ခိုင်မှု ရှိကြောင်းလက်မှတ် ထုတ်ပေးခြင်း မပြုရသေးချေ။ 
* ကြိုးတံတားအလယ် အိုက်ကျနေသည့် နေရာတွင် လူများလွန်းနေချိန် တံတားပေါ် ရောက်နေသူအချို့က တံတားကို ပုခက်လွှဲခဲ့ကြရာမှ ကြိုးပြတ်ကျခဲ့သည်။ 
* ယခင်က ကြိုးတံတား ပြုပြင်ထိန်းသိမ်းရေးကို မြူနီစပယ်က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ တံတားပေါ်တွင် လူ ၂၀ ဦးသာ ရှိရမည်ဟု ကန့်သတ်ထားသည်။
* ကြိုးပြတ်ကျသည့် တနင်္ဂနွေနေ့တွင် တံတားဝင်ခွင့်လက်မှတ် လေးရာ ~ ငါးရာ ရောင်းချခဲ့သည်။
* တံတားကြိုးပြတ်ကျသည့် ဗီဒီယိုမှတ်တမ်း
     

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

MBG
 

Tips Read 445 times