တရုတ်ကို ချိန်ညှိနိုင်ရန် အိန္ဒိယက မြန်မာနိုင်ငံအား ဒေါ်လာ ၆ ဘီလျံတန် ရေနံချက်စက်ရုံ ကမ်းလှမ်း


01 January, 2020

တရုတ်သည် မြန်မာနိုင်ငံနှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်လာသည်နှင့်အမျှ အိန္ဒိယသည်ဖွံ့ဖြိုးဆဲစွမ်းအင်ထုတ်လုပ်မှုနှင့်အတူ မဟာဗျူဟာကျကျတည်ရှိသည့် အိမ်နီးချင်းနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ၎င်း၏ ပါဝင်တည်ရှိမှုကိုမြှင့်တင်ရန်လုပ်ဆောင်နေသည်ဟု Times of India သတင်းမီဒီယာက သုံးသပ်ဖော်ပြခဲ့သည်။

 

ထိုသို့ တိုးမြှင့်ရာတွင် အစီအစဉ်တစ်ခုမှာ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံရမည့် ရေနံချက် သန့်စင်စက်ရုံတစ်ခု တည်ဆောက်ရန် ဖြစ်နိုင်ခြေကို လေ့လာနေသည်။အဆိုပါ ရေနံချက် သန့်စင်စက်ရုံကို ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ သန်လျင်မြို့နယ်တွင် တည်ဆောက်ရန် ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။

 

အိန္ဒိယနိုင်ငံမှ အများပိုင်ကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီလည်း ဖြစ်သော Indian Oil Corporation Limited (IOCL)သည် အဆိုပါ ရေနံချက် သန့်စင်စက်ရုံစီမံကိန်းကို စိတ်ဝင်စားမှု ရှိနေသည်။ နှစ်နိုင်ငံစလုံး နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် နည်းလမ်းများဖြင့် ဆောင်ရွက်မည်ဟု ဆိုသည်။


ယခုအခါ မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍ ပြည်ပရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံသည် ၇၀ ရာခိုင်နှုန်းနီးပါး အချိုးအစားဖြင့် ပါဝင်ထားသည်။

Local Read 52 times