အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်း ဆက်လက်လုပ်ကိုင်ရန် ခွင့်ပြု


01 January, 2020

အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် အိန္ဒိယ နိုင်ငံတော် တရားရုံးချုပ်က ခွင့်ပြုခဲ့သည်။ 

မဏိပူရတရားရုံးချုပ်အနေဖြင့် အစိုးရနှင့်ကုမ္ပဏီများအကြား စာချုပ်များနှင့် ပတ်သက်၍ အငြင်းပွားနေသည့်ကြားမှပင် စီမံကိန်း၏ အရေးကြီးမှုကို ထည့်သွင်းစဉ်းစားသင့်သည်ဟု အဆုံးအဖြတ် ပြုခဲ့သည်။

အိန္ဒိယ - မြန်မာ - ထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီးတွင် ကီလိုမီတာ ၁၃၆၀ ရှည်လျားသည့် အပိုင်းနှစ်ပိုင်းကို အိန္ဒိယက တည်ဆောက်နေသည်။ 

မဏိပူရတရားရုံးချုပ် သည် အစိုးရနှင့် ဆောက်လုပ်ရေးကုမ္ပဏီများအကြား စာချုပ်နှင့် ပတ်သက်၍ အငြင်းပွားမှုကို ကြားသိရသည့်တိုင် အိန္ဒိယ - မြန်မာ - ထိုင်း ဘက်စုံအဝေးပြေးလမ်း စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ဗဟိုတရားရုံးက ၂၀၂၀ ဩဂုတ်လ ၁၂ ရက် အင်္ဂါနေ့တွင် ခွင့်ပြုခဲ့သည် ။  

အိန္ဒိယတရားသူကြီးချုပ် Sharad Arvind Bobde ဦးဆောင်သည့် အထွတ်အထိပ်တရားရုံးက စီမံကိန်း၏ အရေးပါမှုနှင့် ပတ်သက်၍ အလုပ်များ ဆက်လုပ်သင့်သည်ဟု ရှုမြင်ကြောင်း ပြောကြားသည်။ "ဒါပေမဲ့ တရားမျှတမှုအတွက် အကျိုးရှိမယ်ဆိုရင် ဒီသီတင်းနှစ်ပတ်အတွင်း ဒီကိစ္စကိုအမြန်ဆုံးဖယ်ရှားပစ်ဖို့ မဏိပူရတရားရုံးချုပ်ကို တောင်းဆိုပါတယ်" ဟု ၎င်းက မိန့်ကြားခဲ့သည်။ 

စီမံကိန်းဌာနသို့ ရောက်ရှိနေသော ရှေ့နေချုပ် KK Venugopal က “တရုတ်ပြည်ရဲ့ စီမံကိန်းတွေဟာ မြန်မြန်ဆန်ဆန် အချိန်မီပြီးစီးနေချိန်မှာ အိန္ဒိယရဲ့ယုံကြည်စိတ်ချရမှုကတော့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်ဆိုတဲ့ စာကို မြန်မာပြည်မှ ကျွန်တော်တို့ရဲ့ သံအမတ်ထံမှ လက်ခံရရှိတယ် " ဟု ပြောကြားသည်။

မြန်မာ စိတ်မပျက်အောင် အိန္ဒိယအနေဖြင့် ပထမဆုံးတံတားကို တည်ဆောက်မှု စတင်ရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ 

"အခုအခါ ဒီစီမံကိန်းကို ကြာနေလို့ မရတော့ဘူး။ ပထမတံတားကို ကျွန်တော်တို့ စတင်လုပ်ကိုင်ရလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အေဂျင်စီတွေက စီမံကိန်းကို စတင်လို့ ရနေပြီ။ အခြေအနေကို အခွင့်ကောင်းယူဖို့ တားဆီးထားတဲ့ အမိန့်တွေကို မပေးပါနဲ့" ဟု ရှေ့နေချုပ်က ပြောသည်။ 

မီဒီယာသတင်းများအရ စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် Niraj Cement Structurals Limited နှင့် Manipur Tribal Development Corporation Limited တို့အား ချီးမြှင့်ခဲ့သည်။ သို့သော် နှောင့်နှေးမှုများကြောင့် ၂၀၁၈ ခုနှစ်တွင် စီမံကိန်းဌာနမှ စာချုပ်ကို ရပ်ဆိုင်းခဲ့ရာ Niraj Cement က ရပ်စဲခြင်းအမိန့်ကို မကျေနပ်သဖြင့် တရားရင်ဆိုင်နေခြင်း ဖြစ်သည်။

Region Mixed Use and Urban Read 94 times