အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်း သုံးလေးနှစ် ကြာဦးမည်


15 June, 2023

အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်း သုံးလေးနှစ် ကြာဦးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်း-အိန္ဒိယ နှစ်နိုင်ငံကြား လက်ရှိဆောင်ရွက်နေသော အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းသည် သုံးရက်ကြာ ကျင်းပသည့် BIMSTEC Business Conclave 2023 တွင် ဆွေးနွေးမှုများအရ သုံးနှစ်မှ လေးနှစ် ကြာဦးမည် ဖြစ်သည်။

“ထိုင်းနိုင်ငံ လမ်းပိုင်း လေးလမ်းသွား အမြန်လမ်းရဲ့ ၉၉ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ အခု ဒီစီမံကိန်းကို ဘယ်လောက်မြန်မြန် ပြီးမြောက်နိုင်မလဲ ဆိုတာက အိန္ဒိယနဲ့ မြန်မာ အစိုးရတွေအပေါ်မှာ အများကြီးမူတည်ပါတယ်” ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး Vijavat Isarabhakdi က ပြောကြားသည်။

ကီလိုမီတာ ၁,၃၆၀ ရှည်လျားသော အဝေးပြေးလမ်းမကြီး၏ သုံးပုံတစ်ပုံသည် ထိုင်းနိုင်ငံတွင် တည်ရှိသည်။

မိုရေး-တမူး--ကလေးဝကို ဆက်သွယ်ထားသော  အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းသည်  သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၏ လမ်းပိုင်းတစ်ခု ဖြစ်သည်။

အိန္ဒိယဘက်ခြမ်းရှိ အဝေးပြေးလမ်း အင်ဖါ-မိုရေး လမ်းပိုင်းသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။

BIMSTEC Business Conclave 2023 သို့ တက်ရောက်သည့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးအောင်နိုင်က မြန်မာနိုင်ငံ လမ်းပိုင်းကို နောက်ထပ် သုံးနှစ်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်ဟု  ပြောကြားခဲ့သည်။

• အဆိုပါလမ်းသည် အာဆီယံ-အိန္ဒိယ လွတ်လပ်သော ကုန်သွယ်မှုဧရိယာအတွင်း ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးကို မြှင့်တင်ပေးမည်ဖြစ်ပြီး ကျန်အရှေ့တောင်အာရှနှင့်လည်း အကျုံးဝင်ပါသည်။
 
• အိန္ဒိယ-မြန်မာ-ထိုင်း India-Myanmar-Thailand (IMT) အဝေးပြေးလမ်းစီမံကိန်းသည် ရည်မှန်းချက်ကြီးသော စီမံကိန်းတစ်ခုဖြစ်သည်။ အာဆီယံကို ကုန်းလမ်းဖြင့် ချိတ်ဆက်ထားမည် ဖြစ်သည်။

•အဆိုပါ အဝေးပြေးလမ်း၏ မြန်မာလမ်းပိုင်းသည် အိန္ဒိယနိုင်ငံရှိ အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့မှ မြန်မာနိုင်ငံမှ တဆင့် ထိုင်းနိုင်ငံရှိ ထိုင်း- မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ဆက်သွယ်မည်ဖြစ်သည်။

 • အိန္ဒိယ၏ အရှေ့မျှော်မူဝါဒ L ook East Policy အရ ၎င်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။

• ဤစီမံကိန်းသည် ဒေသတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မဟာဗျူဟာမြောက် ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အိန္ဒိယ၏ရပ်တည်ချက်ကို အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

• ကုန်စည်ပို့ဆောင်မှုနှင့် ခရီးသည်တင်ယာဉ်များ သွားလာမှုကို ထိန်းညှိပေးသည့် လုပ်ထုံးလုပ်နည်းများနှင့်အတူ မော်တော်ယာဉ်ဆိုင်ရာ သဘောတူညီချက် Motor Vehicles Agreement တစ်ရပ်ကို အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား အစိုးရအချင်းချင်း ညှိနှိုင်းကြရမည် ဖြစ်သည်။

• မြန်မာနိုင်ငံတွင် သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို လမ်းပိုင်းနှစ်ပိုင်းဖြင့် ဖောက်လုပ်မည်ဖြစ်သည်။
(၁) ကလေးဝ-ရေကြီးလမ်းအပိုင်း ၁၂၀.၇၄ ကီလိုမီတာ ဖောက်လုပ်ခြင်း။
(၂) ၁၄၉ ဒသမ ၇၀ ကီလိုမီတာ တမူး-ကျီးကုန်း-ကလေးဝ လမ်းအပိုင်းတွင် ချဉ်းကပ်လမ်းနှင့်အတူ တံတား ၆၉ စင်း တည်ဆောက် ဖောက်လုပ်ခြင်း၊
လမ်းပိုင်း ၂ ခုစလုံး အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံအား အကူအညီများ ပေးအပ်ပါသည်။

• ခန့်မှန်းခြေအားဖြင့် ၁,၃၆၀ ကီလိုမီတာ (မိုင်၈၅၀) ရှိသော လေးလမ်းသွား အဝေးပြေးလမ်းမကြီး ဖြစ်ပါသည်။

Source jagranjoh

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Infrastructure and Zones Read 2023 times