အိန္ဒိယ-မြန်မာ လမ်းစီမံကိန်း ပြီးလုနီးပြီဟု မီဇိုရမ်အာဏာပိုင် ပြောကြား


17 December, 2021

အိန္ဒိယ-မြန်မာ လမ်းစီမံကိန်း ပြီးလုနီးပြီဟု မီဇိုရမ်အာဏာပိုင် ပြောကြား

အိန္ဒိယသည် လမ်း စီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၀၈ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံနှင့် မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Hari Babu Kambhampati က ပြည်နယ်အတွင်းရှိ လောင်တလိုင်းမြို့နှင့် အိမ်နီးချင်း မြန်မာ နိုင်ငံ စစ်တွေ ဆိပ်ကမ်းကြား ကီလိုမီတာ ၈၇ ရှည်သော နယ်စပ် ဖြတ်ကျော်လမ်း ဖောက်လုပ်ရေး လုပ်ငန်းများ ပြီးစီးလုနီးနေပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ 

အဆိုပါလမ်းသည် အရှေ့တောင် အာရှသို့ အိန္ဒိယ၏ ဝင်ပေါက်အဖြစ် ရှုမြင်ထားသည့် ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြီးစီးပါက အနောက်ဘင်ဂေါလ်ရှိ ကိုလ်ကတ္တားဆိပ်ကမ်းမြို့ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်းနှင့် ဆက်သွယ်ပေးမည်ဖြစ်သည်။


စီမံကိန်းသည် အနောက်ဘင်္ဂလားသို့ရောက်ရှိရန် အစားထိုးလမ်းကြောင်းတစ်ခု ပံ့ပိုးပေးမည်ဖြစ်ပြီး အရှေ့မြောက်ဒေသနှင့် ကျန်နိုင်ငံတို့ကြား ချိတ်ဆက်မှုကို အားကောင်းစေမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။


ကုလားတန်မြစ်ကြောင်း စီမံကိန်းအောက် မီဇိုရမ်ဘက်ခြမ်းတွင် လမ်းဖောက်လုပ်မှု ပြီးစီးလုနီးနေပြီ။ လမ်းသစ်က အကွာအဝေးကို လျှော့ချပေးမယ်။ အရှေ့မြောက်ဒေသကို ဘင်္ဂလားပြည်နယ်ရှိ ကျဉ်းမြောင်းသော Siliguri စင်္ကြံမှတစ်ဆင့် ကျန်နိုင်ငံများနှင့် ချိတ်ဆက်ပေးမယ်” ဟု နယူးဒေလီတွင် ကြာသပတေးနေ့တွင် ကျင်းပသော အုပ်ချုပ်ရေးမှူးများနှင့် ဒု-အုပ်ချုပ်ရေးမှူးမျာ စုံညီအစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် ၎င်းက ပြောကြားခဲ့သည်။


မီဇိုရမ်ပြည်နယ်တွင် ၂၀၁၀ ခုနှစ်တွင် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို စတင်ခဲ့သော်လည်း လျော်ကြေးကိစ္စများကြောင့် အကြိမ်ကြိမ် အနှောင့်အယှက်ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုနှစ် ဇွန်လတွင် အပြီးသတ်ရန် စီစဉ်ထားပြီး COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း ၎င်းက ပြောသည်။

Infrastructure and Zones Read 721 times