သီလဝါအထူးစီးပွားရေး ဇုန်တွင် မြေဧရိယာ ၉၉ ဟက်တာထပ်မံဖော်ထုတ်ရန်ရှိနေ


03 December, 2020


သီလဝါအထူးစီးပွားရေး ဇုန်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံသူ များလာ၍ မြေဧရိယာ ၉၉ ဟက် တာထပ်မံဖော်ထုတ်ရန်ရှိကြောင်း သီလဝါ အထူးစီးပွားရေးဇုန်စီမံ ခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး မှ ပြောသည်။

လက်ရှိတွင် သီလဝါအထူး စီးပွားရေးဇုန်၌ စက်မှုဇုန်မြေအ ဖြစ် အဆင့်မြှင့်တင်ထားမှု ၅၈၃ ဟက်တာ (ဧက ၁,၄၀၀ ကျော်)ရှိပြီး ရင်းနှီးမြှုပ်နှံမှုဒေါ်လာ

၁ ဒသမ ၄ ဘီလီယံရှိနေကြောင်း မြန်မာ-ဂျပန်သီလဝါဖွံ့ ဖြိုးမှုလီမိတက်(MJTD) က ဇွန်လ ၁၄ ရက်၌ သတင်းထုတ်ပြန်သည်။

လက်ရှိတွင် အဆင့်မြှင့်တင် ထားသည့် ၅၈၃ ဟက်တာ၌ ရင်း နှီးမြှုပ်နံှပြီး လုပ်ငန်းလည်ပတ်နေ သူ ၄၉ ဦးရှိပြီး ၂ နှစ်အတွင်း ရင်းနှီးမြှုပ်နှံသူ ၉၀ ကျော်ဖြင့် လုပ်ငန်းစတင်မည်ဟု

MJTD(Myanmar -Japan Thilawa DevelopmentLimited) ဥက္ကဋ္ဌမှ ပြောသည်။

‘‘သီလဝါ အထူးစီးပွာရေးဇုန်ရဲ့ တည်ဆောက်မှုလုပ်ငန်း စတင်ခြင်း ဖွင့်ပွဲဟာဆိုရင် မြန်မာ နိုင်ငံရှိ စက်မှုစီးပွားရေးဖွံ့ဖြိုးမှု ကို တွန်းအားဖြစ်လာစေရန် ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် များထဲမှာကြီးမားတဲ့မှတ်တိုင် ဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန် ဖြစ်တည်လာစေရန် သဘောတူ ညီချက်ရေးထိုးခဲ့သည့် ၂၀၁၅ က စတင်ပြီး ၂၀၁၈ ဧပြီကုန်အထိ ၁၇ နိုင်ငံမှ

ရင်းနှီးမြှုပ်နှံသူ ၉၄ ဦးရှိကာ ဝန်ထမ်း နှစ်သောင်းရှိကြောင်း MJTD က ထုတ်ပြန်ထားသည်။

စုစုပေါင်း ဟက်တာ ၂,၅ဝဝ(ဧက ၆,ဝဝဝ) ရှိပြီး အပိုင်း(က)တွင်မြေဧရိယာဟက်တာ ၄ဝဝ (ဧက ၁,ဝဝဝ) နှင့် အပိုင်း(ခ)တွင် ဟက် တာ ၂,၁ဝဝ ကျော်ရှိသည်။

လက် ရှိတွင် အပိုင်း(က)ကို အပြည့်အဝ စက်မှုဇုန်အဖြစ် အကောင်အထည်ဖော်ပြီး ဖြစ်သည်။

MJTD သည် မြန်မာအစိုးရနှင့် ဂျပန်အစိုးရ၏ ရှယ်ယာများပါဝင် ပြီး ဂျပန် MMS နှင့် မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ရှယ်ယာများ ပါဝင် ထားသည်။

Factory and Industrial Plant Read 37 times