မန္တလေးတွင် အိမ်ငှားလိုင်စင်များကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလကစတင်၍ အခွန်ကောက်ခံသွားမည်


23 November, 2020

မန္တလေးတွင် အိမ်ငှားလိုင်စင်များကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလကစတင်၍ အခွန်ကောက်ခံသွားမည်ဖြစ်ပြီး အခွန်နှုန်းထားများကို ပြောင်းလဲသတ်မှတ်ထားကြောင်း

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနက သိရပါသည်။

မန္တလေးမြို့တွင် အိမ်ငှားလိုင်စင်များ အခွန်ကောက်ခံမှုကို ၁၉၉၅-၉၆ ခုနှစ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အိမ်ငှားရမ်းခ၏ ၅ ရာခိုင်နှုန်းဖြင့် ကောက်ခံရန်

သတ်မှတ်ထားခဲ့ပြီး ယခုကောက်ခံမည့်ပုံစံမှာ မြေအမျိုးအစား၊ အိမ်အဆောက်အဦး အကျယ်အဝန်းများဖြင့် အနိမ့်ဆုံး တစ်သောင်းကျပ်မှ အမြင့်ဆုံးသုံးသိန်းခွဲထိ ပြောင်းလဲကောက်ခံသွားမည် ဖြစ်သည်။

တိုင်းဒေသကြီး အစိုးရက ခွင့်ပြုပေးထားပြီးဖြစ်ပြီး ခွင့်ပြုချက်မတင်ခင်ကလည်း စည်ပင်ကော်မတီဝင်များက အရင်ဆုံး လိုင်စင်ဖြင့် လုပ်သင့် မလုပ်သင့်ကို ဆွေးနွေးခဲ့ကြပါသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီး ၂၀၁၇ အောက်တိုဘာလ တတိယပတ်ကပဲ ခွင့်ပြုခဲ့ကြောင်း ပြောခဲ့ပါသည်။

လိုင်စင်များချထားပေးရေးကို ဌာနကပဲ ဆက်လက်လုပ်ဆောင်ပါဟု ပြောကြားထားကြောင်း သန့်ရှင်းရေးဌာနမှူးမှ ပြောကြားခဲ့ပါသည်။

အိမ်ငှားလိုင်စင်များ ချထားပေးရာတွင် မြေယာစီမံခန့်ခွဲမှုက ခွဲခြားသတ်မှတ်သည့်ပုံစံအတိုင်း မြေယာအမျိုးအစားကို A,B,C ၃ မျိုးသတ်မှတ်၍ အိမ်အဆောက်အဦး၏

အကျယ်စတုရန်းပေများနှင့် တွက်ချက်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။

အိမ်ငှားလိုင်စင် အမြင့်ဆုံးဈေးနှုန်းမှာ မြေအမျိုးအစား A၊ အိမ်အဆောက်အဦး RC အကျယ် စတုရန်းပေ ၃၀၀၀ အထက်အား တစ်နှစ်အတွက် လိုင်စင်ကြေး ၃ သိန်းခွဲ သတ်မှတ်ထားပြီး အနိမ့်ဆုံး လိုင်စင်ကြေးမှာ

မြေအမျိုးအစား C၊ အိမ်အဆောက်အဦးအမျိုးအစား ပျဉ်ထောင်နှင့်အခြား အမျိုးအစားအတွက် အကျယ်စတုရန်းပေ ၁၀၀၀ အောက် ကျပ်တသောင်း သတ်မှတ်ထားကြောင်း သိရပါသည်။

ယခုထိ အိမ်ငှားလိုင်စင်များ ချထားပေးခြင်းမရှိသေးဘဲ လျှောက်ထားခြင်းများသာရှိသေးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး လုပ်ဆောင်ရမည်ဖြစ်ပြီး အိမ်ငှားများ မကျန်အောင် လိုင်စင်လျှောက်ရန်

အသိပေးခြင်းများလုပ်ဆောင်ရန် လုပ်နေကြောင်း ဌာနခွဲမှူးမှ ပြောကြားခဲ့ပါသည်။

မန္တလေးမြို့တွင် အိမ်ငှားလိုင်စင်ကို ယခုမှစတင်ကောက်ခံခြင်းမဟုတ်ဘဲ ၁၉၉၆-၉၅ ခုနှစ်က သတ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအချိန်ကာလက သတ်မှတ်ထားသော်လည်း မကောက်ခံသည်မှာ ကြာနေပြီဖြစ်ပြီး

ယခင်ကတည်းကရှိခဲ့သည့် စည်ပင်ဥပဒေကို ယခုနှစ်တွင် ပြန်လည်အသက်သွင်းကောက်ခံခြင်းဖြစ်ကြောင်း သိရပါသည်။

Local Real Estate & Properties Read 38 times