ပဲခူးတိုင်းဒေသကြီးအတွင်း တရုတ်၊ မကာအိုနှင့် စက်မှု ဇုန်များမကြာမီ ထူထောင်ရန်စီစဉ်


01 January, 2020

ပဲခူးတိုင်းဒေသကြီးအ တွင်း တရုတ်၊ မကာအိုနှင့် စက်မှု ဇုန်များမကြာမီ ထူထောင်ရန်စီစဉ် ထားကြောင်း ပဲခူးတိုင်းဝန်ကြီး ချုပ် ဦးဝင်းသိန်းက ပြောကြားသည်။

 ပဲခူးတိုင်းအစိုးရနှင့် တရုတ် သံရုံး၊ တရုတ်လုပ်ငန်းရှင်များ အောက်တိုဘာ ၂၄ ရက်က တွေ့ ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည် ဟု ပဲခူးတိုင်းအစိုးရအဖွဲ့က သ တင်းထုတ်ပြန်သည်။

 ပဲခူးတိုင်းဒေသကြီးသည် အ ရှေ့ - အနောက်၊ တောင် - မြောက်တွင် အခြားပြည်နယ်၊ တိုင်းဒေသကြီးများနှင့် ချိတ်ဆက် လျက်ရှိပြီး အရှေ့တောင်အာရှ နိုင်ငံများနှင့်လည်း ကုန်းလမ်း တိုက်ရိုက်သွားလာနိုင်၍ ပုဂ္ဂလိ က စက်မှုဇုန်များဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဦးဝင်း သိန်းကဆိုသည်။

 တရုတ်သံအမတ်က ပဲခူး တိုင်းဒေသကြီးသည် အနာဂတ် တွင် စီးပွားရေးအရအချက်အချာ ကျလာမည်ဖြစ်ပြီး ကုန်းတွင်း သယ်ယူပို့ဆောင်ရေး၏ အဓိက အားထားရာဒေသတစ်ခုဖြစ်လာ နိုင်သည်ဟု ဆိုသည်။

 တရုတ် လုပ်ငန်းရှင်များ သည် ပဲခူးတိုင်းတွင် ရင်းနှီးမြှုပ်နှံ ရန် စိတ်အားထက်သန်နေသည် ဟုလည်းပြောသည်။ ထို့နောက် ပဲခူးတိုင်းဒေသ ကြီး စက်ရုံ၊ အလုပ်ရုံများတည် ထောင်ရေးလုပ်ငန်းကြီးကြပ်ရေး ကော်မတီနှင့် တရုတ် Jiang Nan International ကုမ္ပဏီတို့က မြေငှားရမ်းခြင်းဆိုင်ရာ နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ သည်။

 ‘‘ဒါက သီးသန့်စက်မှုဇုန် ထောင်တာမဟုတ်ပါဘူး။ ရှိပြီး သားစက်မှုဇုန်တွေမှာ မြေငှားတာ ပါ။ အသုံးမချရသေးတဲ့၊ လုပ်ငန်း မလုပ်ရသေးတဲ့ မြေတွေကို ငှား တာပါ’’ ဟု ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦး ကျော်မင်းစံကပြောသည်။

 အဆိုပါ လက်မှတ်ရေးထိုး ပွဲနှင့် ပတ်သက်၍ ပဲခူးတိုင်းစီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦး ညွန့်ရွှေက အသေးစိတ်မပြောနိုင် သေးကြောင်း ပြောသည်။ပဲခူးတိုင်းဒေသကြီးအ တွင်း တရုတ်၊ မကာအိုနှင့် စက်မှု ဇုန်များမကြာမီ ထူထောင်ရန်စီစဉ် ထားကြောင်း ပဲခူးတိုင်းဝန်ကြီး ချုပ် ဦးဝင်းသိန်းက ပြောကြားသည်။

Local Factory and Industrial Plant Read 37 times