iMyanmarhouse ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး


09 November, 2020

iMyanmarhouse ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီးကို ယနေ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် စတင်ပြသသည်။

Official banking partner မှာ Yoma Bank ဖြစ်သည်။ ဘဏ်လုပ်ငန်းများသည် အိမ်ခြံမြေနယ်ပယ်တွင် လိုအပ်လျက်ရှိသော ချေးငွေကို ပံ့ပိုးပေးလျက် ရှိကြသည်။

ငွေအကြေပေးချေရန် မလိုတော့ဘဲ သတ်မှတ်ရာခိုင်နှုန်း(ဥပမာ ၃၀%) ပေးချေပြီး ကျန်ငွေကို ကာလရှည်ကြာ အရစ်ကျပေးသွင်းနိုင်သော ငွေအစီအစဉ်များဖြင့် ပံ့ပိုးပေးလျက် ရှိသည်။

iMyanmarhouse.com ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီးကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ပြသချိန်မှာ နေ့စဉ် မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ ဖြစ်သည်။

ပြပွဲတွင် ပြခန်းများက စကေးကိုက် အိမ်ရာပုံစံငယ်များဖြင့် စိတ်ဝင်တစား ဖြစ်ရအောင် ပြသထားသည်။

ကျပ်သိန်း ၁၀၀ ကျော် ရောင်းဈေးမှ စတင်သည့် တိုက်ခန်းများ၊ ကျပ် သိန်း ၅၀၀ ကျော်မှ ရောင်းဈေးမှ စတင်သည့် ကွန်ဒိုများကို တွေ့ရသည်။

ဈေးနှုန်းအရ ပြောရလျှင် အနိမ့်၊ အလယ်အလတ်နှင့် အထက်တန်းစားအထိ အစုံအလင် ပြသရောင်းချပေးနေသည်။ ငွေပေးချေပုံမှာ ၁ နှစ်မှ ၁၅ နှစ်အထိ အရစ်ကျ ငွေချေစနစ်အမျိုးမျိုး စီစဉ်ပေးထားသည်။

ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းများကို ငွေအကျေချေစရာမလိုဘဲ ဘဏ်ချေးငွေဖြင့် ဝယ်ယူနေထိုင်နိုင်စေမည့် အစီအစဉ်များ ဖြစ်သည်။


ပြပွဲ သုံးရက်တွင် ဟောပြောပွဲများ နေ့စဉ်ကျင်းပပေးမည် ဖြစ်ရာ အသိပညာရှင် အတတ်ပညာရှင်များဖြစ်သော ဦးကိုကိုထွေး (တော်ဝင်စင်တာ) ၊ ဦးကောင်းထွဋ် (YOMA Bank) ၊ ဦးမြတ်သူဝင်း (ရွှေမင်းသားဖောင်ဒေးရှင်း) ၊ဦးစိုင်းခွန်နောင် (စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်) ၊

ဦးမျိုးမြင့် (M.K.T Construction) ၊ ဦးမြင့်စိန် (မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း) ၊ ဒေါ်မို့မို့အောင် (မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူးချုပ်) ၊

ဦးလင်းသိုက်ညွှန့် (CEO, Myanmar’s Land Institute)၊ ဦးသန်းဦး (မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုတိယ ဥက္ကဌ) ၊ ဦးပီတာ (အောင်သမာဓိအကျိုးဆောင်) ၊ ဦးအေးလင်း (Mya Nan Dar Construction) ၊

ဦးအေးမင်း (အောင်သမာဓိအကျိုးဆောင်) ၊ လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ တို့မှ အိမ်ခြံမြေဆိုင်ရာ အသိပညာ ဗဟုသုတများကို ဆွေးနွေး ဟောပြောပေးသွားမည်ဟု သိရသည်။


ပြပွဲအကြောင်းရေးလျှင် စပွန်ဆာ ကုမ္ပဏီများကို ချန်လှပ်ထား၍ မဖြစ်ပေရာ ယခုကျင်းပလျက် ရှိသည့် iMyanmarhouse.com ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီးတွင် Main Sponsor များအဖြစ်

Golden City ၊ Shine Construction တို့ကလည်းကောင်း ၊ Diamond Sponsor များအဖြစ် AMPS ၊ MKT ၊ Naing Group ၊ The Century ၊ River Front ၊ Garden ၊ Myanmar Shwe Oo Daung Min ၊ ChanTha Shwe Myay တို့ကလည်းကောင်း၊

Gold Sponsor များအဖြစ် SMT ၊ Yone Min ၊ Ngapali ၊ Three Friends တို့ကလည်းကောင်း စပွန်ဆာ ပေးထားကြောင်း သိရသည်။

ပြပွဲသို့ အခမဲ့ ဝင်ခွင့်ပြုထားပြီး ပြပွဲခန်းမဖြစ်သည့် တပ်မတော်ခန်းမသို့ အဝင်တွင် စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ ထိုစာရင်းတွင် ပါဝင်သူများကို ဟောပြောပွဲ တစ်ကြိမ်ပြီးတိုင်း တစ်ခါ ကံစမ်းမဲဖောက်ပေးမည်ဟု သိရသည်။

Events Read 51 times