Ikea က ကမ္ဘာ့အကြီးမားဆုံး အိမ်ထောင်ပရိဘောဂ အရောင်းပြခန်း ဖိလစ်ပိုင်တွင် ဖွင့်လှစ်


28 November, 2021

ကမ္ဘာ့အကြီးမားဆုံး အိမ်ထောင်ပရိဘောဂ အရောင်းပြခန်းကို ဆွီဒင်မှ ပရိဘောဂလုပ်ငန်းကြီး Ikea က ဖိလစ်ပိုင်နိုင်ငံမှာ ဖွင့်လှစ်ပါတယ်။ မြို့တော်မနီလာမှာ ဧရိယာ ၇၃၀,၀၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ စတိုးဆိုင်ကြီးကို ဖွင့်လှစ်ပြီး အာရှဈေးကွက်ထဲ ချဲ့ထွင်မယ့် အစီအစဉ်ကို စတင်လိုက်ပါတယ်။


Ikea က Covid-19 စည်းကမ်းများနဲ့အညီ ဆောင်ရွက်ပါတယ်။ ဆိုင်ကို လာမယ့်သူတွေ online booking အရင်ယူရပါတယ်။ လောလောဆယ် ၂ ပတ်စာ ရက်ချိန်းပြည့်နေပြီလို့ ဆိုပါတယ်။ ဆိုင်ထဲမှာလည်း လူချင်းခပ်ခွာခွာ နေရတဲ့ စည်းကမ်းကို လိုက်နာရပါတယ်။ အချိန်ပြည့် မတ်စ်တပ်ထားရပါတယ်လို့ တိုင်မန်နေဂျာ Georg Platzer က ပြောပြပါတယ်။

အဆောက်အဦ‌ေြမနေရာကို SM Prime Holdings' Mall of Asia ထံမှ ငှာရမ်းသုံးစွဲပါတယ်။
Ikea က e-commerce ကိုလည်း အွန်လိုင်းမှာချဲ့ထွင်နေစဉ် မြေပြင်မှာလည်း စတိုးဆိုင်အသစ်တွေ ဖွင့်လှစ်ပြီး တိုးချဲ့နေပါတယ်။
ကမ္ဘာတစ်လွှားရောင်းချမှုမှာ စတိုးဆိုင်များမှ ရောင်းအားက ၇၄% ရှိပြီး အွန်လိုင်းအမှာစာ ရောင်းအားက ၂၆% ရှိပါတယ်။

ဈေးကွက် ၆၀ ခုမှာ Ikea က မြေပြင်စတိုးဆိုင် ၄၆၀ ဖွင့်လှစ်ထားပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း နောက်ထပ် နေရာ ၆၀ ခုမှာ အရောင်းပြခန်းတွေ တိုးချဲ့ဖွင့်လှစ်ဖို့ အစီအစဉ် ရှိပါတယ်။

 

 

Region Read 673 times