ချင်းပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံပါက မြေငှားရမ်းခွင့် အကန့်အသတ်မရှိခွင့်ပြုပေးမည်


13 December, 2019

ချင်းပြည်နယ် တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် မြေငှားရမ်းခွင့်ကို အကန့်အသတ်မရှိခွင့်ပြုပေးမည်ဖြစ်ကြောင်း မတ် ၁၆ ရက်က မင်းဓမ္မလမ်းပေါ်ရှိ Myanmar Convention Centre (MCC) တွင်ကျင်းပသည့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်

ဒေသထွက်ကုန်ပြပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောဆို သည်။

မြေငှားရမ်းခွင့်
 
" ချင်းပြည်နယ် က ရင်းနှီးမြှုပ်နှံမှုဝင်တာနည်းသေးတယ်။ ချင်းပြည်နယ်မှာ အလားအလာကောင်းတွေအများကြီးရှိတယ်။ ဒါပေမဲ့ ဘယ်သူမှ သိပ်မသိကြဘူး။ ခရီးသွားကဏ္ဍဆိုရင်လည်း အများကြီးဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ရှိတယ်။ ချင်းပြည်နယ်မှာ ရင်းနှီး မြှုပ်နှံမယ်ဆိုရင် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေး နှင့်မွေးမြူရေး၊ ရေအားလျှပ်စစ်တွေရှိတယ်။ အဲဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အဓိကဖိတ်ခေါ်ထားတယ်။ ဝင်ငွေခွန်တွေ ကင်းလွတ်ခွင့်ပေးထားတယ်။ အခွန်သက်သာ ခွင့်ပေါ့။ မြေငှားရမ်းခွင့်ဆိုရင် နိုင်ငံခြားသား ကို နှစ် ၅၀၊ ပြီးတော့မှ သက်တမ်းတိုးပေးတယ်။ တစ်ခါတိုးရင် ၁၀ နှစ် နှစ်ကြိမ်တိုးပေးတယ်။ ဒါကျတော့ နှစ် ၇၀ ထက်ပိုတယ်။ ၈၀ လည်းဖြစ်နိုင်သလို ၉၀ လည်းဖြစ်နိုင် တယ်"ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင် နိုင်ဦးက ပြောဆိုသည်။
 
အားနည်းချက်
 
ချင်းပြည်နယ် ၏ အဓိကအားနည်းချက် မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်မလာရခြင်းဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် ချင်းပြည်နယ်ဝန်ကြီး ချုပ်အနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကို လာရောက်လည်ပတ်စေပြီး လေ့လာမှုများပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။
 
လေယာဉ်ကွင်း
 
ချင်းပြည်နယ် ၏ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်စေရန်အတွက် ဖလမ်းမြို့ တွင် ပထမဦးဆုံးလေယာဉ်ကွင်းအဖြစ် ဆောင်ရွက်နေပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ တွင်ဖွင့်လှစ်သွားမည့်အပြင် လမ်းများကိုပါ ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

Local Real Estate & Properties Read 46 times