'IDEA' ဇကာတင်စာရင်းမှာ Hyundai Doosan Infracore ပထမဆုံးအကြိမ်အဖြစ်ပါဝင်


14 October, 2021

တောင်ကိုရီးယားမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယန္တရားတွေ ထုတ်လုပ်နေတဲ့  Hyundai Doosan Infracore ဟာ Hyundai Heavy Industries Group ရဲ့ လက်အောက်ခံလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ 
Hyundai Doosan Infracore မှ ထုတ်လုပ်တဲ့ 'DX100W' ကို အမေရိကန်နိုင်ငံမှ  'IDEA' (International Design Excellence Awards) မှ ရွေးချယ်ချီးမြှင့်တဲ့  '2021 IDEA Design Awards'
ရဲ့ နောက်ဆုံးဇကာတင်စာရင်း 'Featured Finalist' မှာ ရွေးချယ်ခံရပါတယ်။ ယခုလို နောက်ဆုံးဇကာတင်စာရင်းမှာ Hyundai Doosan Infracore မှ ထုတ်လုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယန္တရား မော်ဒယ် ပါဝင်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ 

Hyundai Doosan Infracore ဟာ ယန္တရားဒီဇိုင်းနဲ့ ပတ်သက်လို့ ယခင်က  2020 Red Dot Awards ('DX17z-5' model)  ဆု၊ 2021 IF Gold Prize ('Concept X' model) ဆုတို့ကို ဆွတ်ခူးထားပါတယ်။

'IDEA' (International Design Excellence Awards) က ဒီဇိုင်းအတွက် ချီးမြှင့်တဲ့ ဆုဖြစ်ပြီး  Industrial Designers Society of America (IDSA) က စီစဉ်တဲ့ဆု ဖြစ်ပါတယ်။ 
ယခုနှစ် ဆုအတွက် ၂၅ နိုင်ငံမှ ဒီဇိုင်း စုစုပေါင် ၂,၀၈၇ ပါဝင်ခဲ့ပါတယ်။ 

'DX100W' model က ၁၀ တန် အငယ်စား ဘီးသုံး မြေတူးစက်ယန္တရား ဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့ နေရာမျိုးမှာ လုပ်ကိုင်နိုင်ဖို့ ဒီဇိုင်းထုတ်ပေးထားပါတယ်။ အဲဒီလို လုပ်ကိုင်နိုင်ဖို့ ဘီးလေးဘီးစလုံး လိုသလို ကွေ့ပေးလို့ရစေတဲ့ စတီယာရင်စနစ် သုံးစွဲထားပါတယ်။ 
ဥရောပမှ ဘီးအငယ်စား မြေတူးစက်ယန္တရား ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ 
 

Global Read 325 times