ရေကြီးလျှင် ငါးမိနစ် ငါးပေထိရောက်အောက် မြှင့်ပေးနိုင်သည့် အိမ်အား ဆောက်လုပ်မည်


13 November, 2020

ရေကြီးရေလျှံသည့်အန္တရယ်နှင့်ကြုံတွေ့ရပါက မြေပြင်အထက်ငါးပေအထိရောက်ရန် ငါးမိနစ်အတွင်း မြှင့်တင်နိုင်သည့် အိပ်ခန်းသုံးခန်းပါနှစ်ထပ်အိမ်ကြီး ကိုလာမည့်နွေဦးတွင် အင်္ဂလန်နိုင်ငံ လင်ကွန်းရှိုင်းယားဒေသတွင် ဆောက်လုပ်ရန်စီစဉ်နေသည်ဟုသိရသည်။

ဒီဇိုင်းအားဖြင့် အပြီးသတ်နိုင်ပြီဖြစ်သည့် ၎င်းအိမ်သည်ကမ္ဘာပေါ်တွင် ပထမဆုံးမြေပြင်အထက်သို့အချိန်မရွေး မြှင့်နိုင်သည့်နေအိမ်ဖြစ်သည်ဟု Larkfleet Home မှ ပြောကြားသည်။

၆၅တန်အလေးချိန်ရှိသည့်နေအိမ်ကို ပုံမှန်အောက်ခြေအစား သံမဏိရက်မကွန်ရက်ကြီးတစ်ခုပေါ်တွင်အခြေ တည်၍ သံမဏိကိုယ်ထည်နှင့် ဆောက်လုပ်မည်ဖြစ်သည်။

မော်တာဂီယာနှင့် မောင်းတံတို့မှ စွမ်းအင်ထောက်ပံ့ပေးထားသည့် စက်ယန္ထရားဂျိုက်ကြီးရှစ်ခုမှ အိမ်ကြီးတစ်ခုလုံးကို ငါးမိနစ်အထိကြွတက်အောင် မ,ပေးနိုင်သည်။

အင်ဂျင်နီယာများမှ လေးနှစ်ကြာအောင်စမ်းသပ်မှုများပြုလုပ်ဦးမည်ဖြစ်သည့်အတွက်နေအိမ်သစ်တွင်နေထိုင်သူ ရှိဦးမည်မဟုတ်ဘဲ

အမှန်တကယ်နေထိုင်သူများရှိပြီဆိုပါက နေအိမ်ကိုမြှင့်တင်ချိန်တွင် လူအားလုံးအပြင်ထွက်ပေးရမည်ဖြစ်သည်။

စမ်းသပ်မှုသာအောင်မြင်ခဲ့ပါက ရေကြီးရေလျှံသည့်အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့်ဒေသများတွင် မြှောက်တင်၍ရသည့်နေအိမ်များကို ထောင်နှင့်ချီဆောက်လုပ်ပေးနိုင်လိမ့်မည်ဟု သိရသည်။

ခေါင်မိုးအား ဆိုလာပြားများဖြင့်ပြုလုပ်ထားပြီးဘက်ထရီလည်းထားရှိမည်ဖြစ်သည့်အတွက် မြေပြင်မှ မြှင့်တင်ထားသည်အချိန်တွင်လည်း လျှပ်စစ်ဓာတ်အားရရှိနေမည်ဖြစ်သည်ဟုသိရသည်။

Source:Pyi Myanmar

Global Read 20 times