ဒစ္စနေးရဲတိုက်ပေါင်းရာနှင့်ချီ ထည့်သွင်းတည်ဆောက်ထားသော တူရကီနိုင်ငံမှ အိမ်ရာဆောက်လုပ်မှုစီမံကိန်း


08 December, 2019

တူရကီနိုင်ငံ ဘိုလူမြို့မှ အိမ်ရာစီမံကိန်း တစ်ခုတွင် ဒစ္စနေးရဲတိုက်ပေါင်း ရာနဲ့ချီကို ဆောက်လုပ်လျှက်ရှိပြီး ယခုအခါတွင် တူရကီနိုင်ငံ၏ စီးပွားရေးကျဆင်းလာသည့်အတွက် အိမ်ရာများကိုအပြီးသတ်နိုင်ရန် ခက်ခဲနေသည်ဟု သိရသည်။

          ဒေါ်လာ ၂၀၄ သန်း အကုန်အကျခံထားသည့် Sarot Group ၏ Burji AI Babas ပရောဂျက်တွင် ဒစ္စနေးဗီလာပေါင်း ၇၃၂ ခု နှင့် ဈေးဝယ်စင်တာတစ်ခု ပါဝင်သည်။ ပင်လယ်ကွေ့နိုင်ငံများမှ ဝယ်ယူသူအချို့မှာ ၎င်းတို့ ဝယ်ယူထားသည့် ဗီလာများအတွက်   ငွေမချေနိုင်သည့်အခါတွင် Sarot Group မှာ ဒေဝါလီခံရမည့်အခြေအနေဖြစ်နေသည်။

          အဆိုပါအိမ်ရာအတွင်း ဒစ္စနေးဗီလာတစ်ခုလျှင် ဒေါ်လာ ၄၀၀၀၀၀ မှ ဒေါ်လာ ၅၀၀၀၀၀ အထိ တန်ဖိုးရှိပြီး ဗိသုကာပညာရှင် ယာလ်စင်ကိုကာကာလီကိုဂလူက ဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်သည်။

          တူရကီနိုင်ငံ၏ စီးပွားရေးသည် ၁ ဒသမ ၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး ယခုနှစ်အတွင်း ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်ဟု စီးပွားရေးကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားသည်။

          Sarot Group သည် ဒေဝါလီခံရမည့်အရေးနှင့်ရင်ဆိုင်နေရသော်လည်း ဗီလာများကို ဆက်လက်ရောင်းချနေဆဲဖြစ်သည့်အတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စီမံကိန်းကို အပြီးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ဆိုခဲ့သည်ဟု သိရသည်။

Global Read 33 times