မီးဖိုချောင်ကို ဘယ်လိုပုံစံ ထားကြမလဲ


17 June, 2021

၁။ မီးပလတ်ခုံများ
ဆောက်လုပ်ရေးလုပ်ငန်းခွင်များ ၏ထုံးစံအရမီးပလတ်ခုံများကိုမီးဖိုချောင်ထံတွင် လေးပေအကွာအဝေးတစ်ခုစီ ထားရလေ့ရှိသည်။မီးသမားများမှာ အဖြူရောင်ပလတ်ခုံများအား ရွေးချယ်အသုံးပြုလေ့ရှိပြီး ထိုအဖြူရောင်ပလတ်ခုံများသည်အဖြူရောင်မဟုတ်သော မီးဖိုချောင် နံရံကပ်ကြွေပြားများ၏အလှကို ဖျက်ဆီးပစ်နေသည်။ထိုသို့မဖြစ်စေရန် ကြွေပြားနံရံနှင့် အရောင်တူသော ပလတ်ခုံအားရွေးချယ်အသုံးပြုခြင်းပင်။အရောင်နှင့်ပလတ်ခုံများကို လျှပ်စစ်ပစ္စည်းရောင်းသောဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

၂။ ဗီရိုအောက်မှ ပုံစံခွက်ပလတ်ခုံများ
သန့်ရှင်းသော ကြွေပြားနံရံများ၏အလှကို မဖျက်ဆီးပစ်ချင်လျှင် နံရံကပ်ဗီရိုများ၏အောက်တွင် ပလတ်ခုံများတပ်ဆင်ထားနိုင်သည်။

၃။ အရောစတိုင်
ပေါင်မုန့်မီးကင်စက်နဲ့ကော်ဖီဖျော်စက်ကိုစားပွဲပေါ်မှာထားမည်ဆိုလျှင် အမြဲပလတ်ထိုးပြီးအသုံးပြုနေရမှာဖြစ်၍ ဒီပစ္စည်းကိရိယာတွေရဲ့နောက်မှာနံရံကပ်ပလတ်ခုံတစ်ခုထားဖို့လိုသည်။ မဟုတ်ရင် လျှပ်စစ်ကြိုးအရှည်ကြီးကတန်းလန်း ကြီးဖြစ်နေရင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါမည်။ပလတ်ခုံဒီဇိုင်းကိုပုံစံခွက်ဒီဇိုင်းနဲ့ပေါင်းစပ်ထားတဲ့ ပလတ်ခုံမျိုးကိုသာအသုံးပြု သင့်သည်။

၄။ မီးအားသွင်းရန်နေရာပြုလုပ်ခြင်း
ဒီနေ့ခေတ်ကများပြားတဲ့လျှပ်စစ်ပစ္စည်းကိရိယာတွေက အချိန်နဲ့တစ်ပြေးညီမီးအားသွင်းနိုင်ဖို့ အရေးကြီးပါတယ်။ အံဆွဲထဲမှာ လျှို့ဝှက်ပလတ်ခုံတစ်ခုတပ်ဆင်ထားမယ်ဆိုရင် မီးအားသွင်းထားတဲ့ဖုန်းတွေနဲ့ iPadတွေကိုမျက်စိရှေ့မှာ မြင် နေရတော့မှာမဟုတ်။

၅။ နံရံကပ်ဗီရိုအောက်တွင်မီးထွန်းခြင်း
မီးဖိုချောင်ထဲမှနံရံကပ်ဗီရိုအောက်မှာမီးထွန်းရခြင်း၏အဓိကရည်ရွယ်ချက်မှာ အောက်မှာရှိသောစားပွဲမျက်နှာပြင် ကိုအလင်းရောင်ပေးနိုင်ရန်အတွက်ဖြစ်သည်။ဗီရိုအောက်ကမီးကိုဗီရိုရဲ့အနောက်ဘက်မဟုတ်ဘဲ အရှေ့ဘက်မှာတပ်ဆင်ပါ။ မီးက ဗီရိုရဲ့နောက်ဘက်ကိုရောက်နေမယ်ဆိုလျှင် စားပွဲမျက်နှာပြင်မဟုတ်ဘဲနံရံကပ်ကြွေပြားတွေသာပေါ်လွင်သွားမှာဖြစ်လို့ မီးရဲ့ မူလရည်ရွယ်ချက်ပျောက်ဆုံးသွားနိုင်ပါသည်။

၆။ ဗီရိုတွေကိုတောက်ပအောင်လုပ်ပါ
အရင်ကဗီရိုထဲမှာမီးထွန်းတယ်ဆိုလျှင် အဆင့်တစ်ဆင့်စီတိုင်းက မှန်နဲ့ပိုင်းခြားထားတာဖြစ်ပါသည်။ ဗီရို၏အ တွင်းပိုင်းအမိုးကနေဖြာကျလာတဲ့အလင်းရောင်က အဆင့်တွေအားလုံးကိုဖြတ်ကျော်ပြီးဗီရိုအတွင်းပိုင်းတစ်ခုလုံးကို အ လင်းရောင်ပေးနိုင်ရန်လိုအပ်သည်။ မီးရောင်နဲ့ဝေးရာကိုရောက်လေလေ ဗီရိုထဲမှာမီးရောင်မှိန်သွားလေလေပါပဲ။ ဒါပေမဲ့ အချိန်ကာလတွေကြာမြင့်ပြီးမီးသီးတွေခေတ်မီလာတာနဲ့အမျှ ဒီနေ့ခေတ်မှာဆိုရင်တော့ ဗီရိုအတွင်းပိုင် နံရံနှစ်ဖက်လုံးမှာ LED မီးချောင်းတွေကိုသာတပ်ဆင်လိုက်ပါ။ မီးချောင်းကို ဗီရိုရဲ့မျက်နှာပြင်ဖရိန်ထဲမှာကွယ်ဝှက်တပ်ဆင်ပါ။ ဖရိန်မပါတဲ့ဗီရိုဆိုရင် ဗီရိုရဲ့ဘေး နံရံကမြောင်းအကြောင်းလေးထဲမှာတပ်ဆင်ပါ။

၇။ မိုက်ခရိုဝေ့ဖ်မီးဖိုကိုအထဲထည့်ထားပါ
အဖျော်ယမကာတွေနဲ့အစားအသောက်တွေကိုအပူပေးဖို့ မိုက်ခရိုဝေ့ဖ်မီးဖိုက မီးဖိုချောင်ရဲ့အဓိကကျတဲ့အစိတ် အပိုင်းတစ်ခုပါ။ အိမ်ရှင်အများစုက မိုက်ခရိုဝေ့ဖ်မီးဖိုကို စားပွဲပေါ်တင်ထားပြီးနေရာအယူခံနေမယ့်အစား မြင်ကွင်းကမမြင် ရအောင်လုပ်ထားရတာကိုပိုသဘောကျကြောင်းသိရသည်။

၈။ နယ်မြေတွေသတ်မှတ်ပါ
မီးဖိုချောင်ကိုပုံစံချတဲ့အခါ ပြင်ဆင်တဲ့အပိုင်းနဲ့သန့်ရှင်းတဲ့အပိုင်းဆိုပြီးခွဲခြားထားပါ။ မီးဖိုချောင်အလယ်ကစားပွဲမှာ ညစ်ပတ်တဲ့ပန်းကန်တွေပြည့်နေတဲ့ သန့်ရှင်းရေးဘေစင်ထားမည်ဆိုလျှင်ပြန်စဉ်းစားပါ။ အစားအသောက်ပြင်ဆင်ရာမှာအ သုံးပြုမယ့်ဘေစင်ကိုသာအလယ်စားပွဲမှာထားပါ။ သန့်ရှင်းရေးလုပ်မယ့်ဘေစင်ကိုဘေးစားပွဲမှာပဲထားပါ။

၉။ ပေါင်းမိုးအတွက်နေရာအများကြီးမပေးပါနဲ့
မီးခိုးခေါင်းတိုင်ပေါင်းမိုးကိုအသုံးပြုတဲ့အခါ ပေါင်းမိုးနဲ့နံရံကပ်ဗီရိုကြားမှာဘယ်ဘက်ကိုရော၊ညာဘက်ကိုရော အ နည်းဆုံး ၂ လက်မကနေ ၃ လက်မအထိခြားထားပါ။ အမြင်အားဖြင့် ပေါင်းမိုးကကျုံ့ဝင်မနေတော့ဘဲ ဗီရိုရဲ့ဘေးဘက်တွေ ကလည်း ရေရှည်သန့်ရှင်းစင်ကြယ်နေပါလိမ့်မယ်။

၁၀။ အုံးအဖုံးတွေထားဖို့သီးသန့်နေရာလုပ်ပါ
အိုးအဖုံးတွေကိုသိမ်းဆည်းဖို့အတွက်ကခေါင်းခဲစရာပြဿနာတစ်ခုပါ။ ဒီပြဿနာကိုဖြေရှင်းဖို့နည်းလမ်းအများ ကြီးရှိပေမယ့် အကောင်းဆုံးကတော့ ပုံမှာပြထားသလိုအံဆွဲထဲမှာအကန့်လေးလုပ်ပြီးအိုးအဖုံးတွေထားပါ။

Source: mm Home and Decoration
 

How To Tips Read 483 times