သင့်အိမ် အုတ်နံရံ အက်ကွဲကြောင်း မထစေဖို့ အဓိကသော့ချက်များ

09 March, 2024

ကိုယ့်အိမ်အုတ်နံရံ အက်ကြောင်းကွဲနေတာကို မြင်ရတာက တကယ်ကို စိတ်မချမ်းမြေ့စရာဖြစ်ပြီး အန္တရာယ်လည်း များပါတယ်။ ဒါကြောင့် အုတ်နံရံ အက်ကြောင်း ထစေတဲ့ အချက်တွေနဲ့ ဆောင်ရွက်ရှောင်ရန် အဓိက အချက်တွေကို မျှဝေပေးသွားပါမယ်။ 

 

အုတ်နံရံ ပျက်စီးခြင်းနှင့် အက်ကြောင်းထခြင်းဟာ အခြေခံအားဖြင့် ရေခိုအောင်းခြင်း၊ အဆောက်အဦး အလေးချိန်နဲ့ တုန်ခါမှုတို့ကြောင့် ဖြစ်တတ်ပါတယ်။ 

 

ရှောင်ရန်အချက်
---------

၁။ အုတ်စီခြင်း မလုပ်ခင်မှာ အုတ်များကို ရေစိမ်မထားခြင်း (အုတ်များကို အသုံးမပြုမီ အနည်းဆုံး ၂ နာရီခန့် ရေစိမ်ထားသင့်ပါတယ်)

၂။ အချောကိုင်ရန် ဖျော်ထားသော Plaster ခြောက်သွားလျှင် ရေပြန်ရောပြီး သုံးခြင်း (ဖျော်ပြီးပြီးချင်း သုံးတာ အကောင်းဆုံးပါ)

၃။ Plaster ဖျော်စပ်ရာတွင် ပါဝင်သော ရေတွင် ကွမ်း၊ သကြား ဓာတ်ပါဝင်နေခြင်း

၄။ Plaster ဖျော်စပ်ရာတွင် ရေပါဝင်မှု အချိုးအစား များနေခြင်း

 

ဆောင်ရန်အချက်
---------

၁။ ကြားထောက် (Stiffiner) ကို သေချာထည့်ပြီး လောင်းပေးရန်။

၂။ ကွန်ကရစ် တိုင် (သို့မဟုတ်) သစ်သားတိုင် ဖြစ်လျှင် သေချာစွာ တွဲဆက်ပေးမည့် သံချောင်း (Bracket or Dowel) ထည့်ပေးရန်။

၃။ တုန်ခါအက်ကွဲမှုကို ထိန်းပေးတဲ့ ဂျာလီ (Exmet) ကို အုတ်လေးလွှာ တစ်ခါ ထည့်စီရန်။

၄။ ရေဝသော အုတ်နှင့် အချိုးမှန်သော သရွတ်ကို စနစ်မှန်အောင် အသုံးပြုရန်။

၅။ သရွတ်ချောပြီးပါက ရေအခြောက်လွန်ခြင်း မဖြစ်အောင် (၇) ရက်တိုင်တိုင် ရေမှန်မှန် ဖြန်းပေးရန်။

၆။ ရေထိနိုင်သော နံရံ ဖြစ်လျှင် အရည်အသွေး မှန်သော ရေလုံဆေးအား သတ်မှတ်အချိုးအတိုင်း ထည့်ပေးရန်။

ဒီလောက်ဆိုရင်တော့ အိမ်နံရံမှာ အုတ်အက်ကွဲကြောင်းတွေ မထအောင် လုံလုံလောက်လောက် ကာကွယ်သွားနိုင်ပြီ ဖြစ်ပါတယ်။ 

#Credit Post 

Read 734 times