အကုန်အကျ နည်းပြီး လွယ်ကူစွာ ဘယ်လို အိမ်ပြောင်းနိုင်မလဲ


01 January, 2020

ယနေ့ခေတ်ကြီးမှာ နေရာတစ်ခုထဲမှာပဲ ငယ်ငယ်ကတည်းက နေပြီး လုံးဝမပြောင်းတဲ့ သူဆိုတာတော့ မရှိပါဘူး လူတွေ တော်တော်များများက နေထိုင်ရာ အိမ်ကို အမြဲပြောင်းရွေ့နေရပါတယ။တကယ်တန်း အိမ်ပြောင်းတယ်ဆိုတာကလည်း ပါးစပ်က ပြောရင် သာ လွယ်တယ် လက်တွေ့မှာ အင်မတန်မှ ခက်ခဲပင်ပန်းတဲ့ ကိစ္စရပ်တစ်ခုပါပဲ။

 

အိမ်တစ်နေရာမှ တစ်နေရာကို ဘ၀ အသစ်စပြီးခရီးသစ်တစ်ခုကိုလျှောက်လှမ်းသလိုပါပဲ သင့်အနေနဲ့ သင့်ဘဝမှာ ဘယ်အရာက ပိုလိုအပ်သလဲ အာရုံထားသင့်လည်းဆိုတာကို သိရမယ့်အချိန်ပေါ့ အဲ့လို အချိန်မျိုးမှာ ပတ်ဝန်းကျင်အသစ်က လူတွေနဲ့ ဆက်ဆံရမယ် နောက်မလိုအပ်ပဲ ပစ္စည်းတွေကို အွန်လိုင်းကနေ ကလစ်လေးတစ်ချက်နှိပ်ပြီး ဝယ်မိမယ် စတာမျိုးတွေဖြစ်တတ်ပါတယ်။

 

သင့်အနေနဲ့ အိမ်ပြောင်းပြီဆို ပစ္စည်းတချို့ကို စွန့်ပြစ်သင့်လား မပြစ်သင့်လား အချိန်တွေကုန်နေမယ် , လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အဝတ်အစားတွေကို နှမြောနေမယ် ၊ သင်ခရီးသွားခဲ့တဲ့ လေယာဉ် လက်မှတ် အဟောင်းတွေကိုလွင့်ပြစ်ဖို့စိတ်မတင်မကျ ဖြစ်နေမယ်။သင့်အနေနဲ့ အိမ်က လ ပိုင်း အလိုမှာပြောင်းရတော့မယ်စိတ်မတင်မကျ ဖြစ်နေတယ်ဆို အခု ဒိဆောင်းပါးက သင့်အတွက်အံကိုက်ဖြစ်စေမှာပါ။

 

ဒါကတော့ သင့်ကို အကုန်အကျ နည်းပြီး လွယ်ကူစွာ ဘယ်လို အိမ်ပြောင်းနိုင်မည့် နည်းလမ်းတွေကို ပြောပြသွားမှာဖြစ်ပါတယ်။

 

၁ . သေချာစီစဉ်ပါ

----------------------

သင်အိမ်ပြောင်းတဲ့ အခါ ကူညီပြီး ပစ္စည်းရွေ့ပေးမယ့်လူတွေကို သေချာစဉ်းစားထားပါ သူတို့တွေကို ထပ်မံသတိပေးထားပါ။အတင်းအကျပ်ခိုင်းစရာမလိုအပ်ပါဘူး သင့်ကိုလိုလားသူတွေက သင်သာရှင်းပြ သတိပေးထားမယ်ဆို သင့်ဘေးမှာ ဝန်းရံမှာပါ။

 

၂ သင့်အိမ် အသစ်နဲ့ အဟောင်းကို ဥဒဟိုသွားနေပါ

-----------------------------------------------------------

အကယ်၍ဖြစ်နိုင်မယ်ဆိုရင်သင့်အနေနဲ့ ၁ ပတ်လောက်ကြိုတင်ပြီး သင်ပြောင်းမယ့်အိမ်နဲ့ လက်ရှိနေတဲ့ အိမ်ကို ကူးချီသန်းချီလုပ်ထားပါဒါမှသာလျှင် အဆင်ပြေမှာဖြစ်ပြီးတစ်ခါတည်းပြောင်းလျှင်ဖိအား အတော်များစေပါတယ်။

 

၃ စာအုပ်တွေက ကတ်ပုံးထဲထည့်ပါ။

------------------------------------------

ကတ်ပုံး လေး တစ်လုံးနဲ့ စာအုပ် ၆အုပ်ကနေ ၁၀ ထိထည့်သယ်နိုင်သလို ကတ်ပုံးအကြီးတစ်ခုနဲ့ စာအုပ် ၆၀ လောက်ထည့်သယ်နိုင်ပါတယ်။

 

၄ အရည်အသွေးက အရေးကြီးပါတယ်

---------------------------------------------

သင့်ရဲ့ ပစ္စည်းထည့်တဲ့ကတ်ပုံးတွေကို ပိတ်ဖို့ တိပ် အကောင်းစားကို ဝယ်ထားသင့်ပါတယ်။သင့်အနေနဲ့ တိပ် အပေါစားကိုသုံးမယ် ဆိုပါက ကပ်ထူပုံးပွင့်နိုင်ပြီး ပစ္စည်းတွေ တစ်စစီ လိုက်ကောက်ရတော့မှာပါ တိပ်ဖိုးလေးနှမြောတာနဲ့ စိတ်ညစ်စရာတွေဖြစ်မယ်နော်။

 

၅ ကတ်ပုံးတွေကို စာရေးမှတ်ထားပါ

------------------------------------------

သင့်အနေနဲ့ ဘယ်ပစ္စည်းကို ဘယ်နေရာမှာ ထားမယ်ဆိုတာကို ရည်ရွယ်ထားမှာပါ ဒီတော့ကား ပစ္စည်းသယ်တဲ့ ကတ်ပုံးထဲ ဘယ်သေတာက ဘယ်ပစ္စည်းထည့်တယ်ကို မှတ်ထားမှသာလျှင် သင်ပစ္စည်းထားမယ် ရည်ရွယ်ထားတဲ့ နေရာကို မှန်ကန်သောပစ္စည်းထည့်ထားတဲ့ ကတ်ပုံးက ရောက်နေမှာပါ

 

၆ ပစ္စည်းတင်တဲ့ လော်ရီကားငှားပါ

----------------------------------------

ပစ္စည်းတင်တဲ့ လော်ရီကား ငှားခြင်းဟာ သင့်အခြားကားများနဲ့ အခါမြောက်များစွာသွားနေခြင်းထက် တစ်ကြိမ်ထဲနဲ့ထိရောက်စေမှာပါ။သင့်သူငယ်ချင်းတွေမှာလော်ရီကားရှိလား အရင်မေးပြီး ယူသုံးကာ ဆီထည့်ပေးလိုက်ပေါ့ သင်အိမ်ပြောင်းတာ ကူပေးဖို့ပြောကြည့်ပေါ့ ကူပေးတဲ့ သူတွေကိုသင့်အနေနဲ့ နေ့လည်စာတော့ကျွေးသင့်တယ်နော်။

 

၇ သင့်ကိုကူညီတဲ့ သူတွေကို လိုလေသေးမရှိထားပါ

------------------------------------------------------------

သင့်ရေခဲသေတ္တာထဲမှ ရေဘူးတွေကို မောမောပန်းပန်းကူညီပေးမယ့်သူတို့အတွက်ထားပေးထားပါ အစာပြေစားဖို့မုန့်အနည်းငယ်ပါစီစဉ်ပေးလိုက်ပေါ့။

 

၈ သင့်ပစ္စည်းတွေအားလုံးကို ကြိုထုပ်ပိုးထားပါ

------------------------------------------------------

သင့်အနေနဲက ထိုနေ့ကို အားအင် အပြည့်နဲ့ ပစ္စည်းနေရာချနိုင်ဖို့သာတွေးထားပါ ထက်ပြီး အပင်ပန်းမခံပါနဲ့တော့။

 

၉ လူနည်းပြီးပွဲစည်ပါစေ

----------------------------

သင့်ကို ကူညီတဲ့ အခါမှာ လူနည်းပြီး တကယ်လုပ်ပေးမယ့် ၃ ယောက် ၄ယောက်သာလိုပါတယ်။ လူအများကြီးဆိုရင် လစ်ဟာမှုတွေဖြစ်နိုင်ပါတယ်။

 

 

၁၀ စောစော စတင်ဖို့လိုအပ်ပါတယ်

------------------------------------------

မနက် ၈ နာရီ ၉ နာရီက စတင် ပြောင်ရွေ့လုပ်ဆောင်ဖို့ အကောင်းဆုံးအချိန်ပါ နေ့ခင်းဘက်က မကောင်းပါ ။မြန်မြန်ပြီးတော့ မြန်မြန်နား ရတာပေါ့။

 

၁၁ သေချာလိုက်ကြည့်ပါ

-----------------------------

ပစ္စည်းတွေစုံမစုံသေချာကြည့်ပါ ပြန်စစ်ပါ အရေးကြီးတဲ့ ပစ္စည်းတွေကို သတိထားပါ ဥပမာ သင့်မှတ်ပုံတင် သင့်ကားလိုင်စင် တို့ကိုစစ်ပါ။ကွဲနိုင်တဲ့ ပစ္စည်းတွေကို စက္ကူနဲ့ ခံထည့်ပါ။

 

၁၂ ပျော်ဖို့မမေ့ပါနဲ့

---------------------

သင့်အနေနဲ့ အိမ်ပြောင်းပြီဆို စိတ်မော ၊ လူမော ဖြစ်ရတတ်ပါတယ် ဒီတော့ သေချာလုပ်ကိုင်ထားပြီးပြီမို့ သင့်ပျော်နိုင်သမျှပျော်အောင်သာနေပါ ။

Interior Decoration Read 313 times