ဂရန်မြေ အမည်ပြောင်းရန် လိုအပ်တဲ့အချက်များ


12 December, 2019

မြေဂရန် ဝယ်ယူမှု များလာတဲ့ ယနေ့ခေတ်အခါမှာ မြေဂရန်တစ်ခုဝယ်ယူပြီး မိမိအမည်ပေါက်ဖြစ်အောင်ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

 
မြေဂရန် ဝယ်ယူမှုပြုလုပ်တော့မယ်ဆိုရင်

( ၁ ) မြေကွက်အမှတ်

( ၂ ) ဂရန်အမည်ပေါက်အမည်

( ၃ ) အတိုင်းအတာ

( ၄ ) နှစ် ၆၀ ဂရန် ဟုတ်မဟုတ်ကို  ရောင်းသူထံမှာ သေချာမေးမြန်းရမှာ ဖြစ်ပါတယ်။

စတဲ့အချက်တွေကို ရောင်းသူထံမှာ သေချာမေးပြီး ရန်ကုန်မြို့မြို့တော်ခန်းမမှာရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြ နှင့်မြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက်စုံစမ်းရပါမယ်။ တချို့မြေကွက်တွေက ကန့်ကွက်ထားတဲ့လူတွေ ရှိနေနိုင်တဲ့အတွက် သွားရောက်စုံစမ်းတဲ့အခါမှာ ရောင်းသူအမည်နှင့်ဂရန် အမည်ပေါက်နေသလား။ ကန့်ကွက်သူ ရှိမရှိနှင့် ဂရန်သက်တမ်းကုန်မကုန် အစရှိတဲ့အချက်တွေကို အဓိကထား စုံစမ်းရမှာ ဖြစ်ပါတယ်။

စုံစမ်းသိရှိပြီးတဲ့နောက် အဆိုပါ မြေဂရန်က ရောင်းသူ အမည်ပေါက်ဖြစ်နေပြီး နှစ်၆၀ ဂရန်သက်တမ်းမကုန်သေးဘူး။ ကန့်ကွက်ထားသူလဲ မရှိဘူးဆိုရင်တော့ စိတ်ချလက်ချ အရောင်းအဝယ် လုပ်လို့ရပါပြီ ဖြစ်ပါတယ်။

အရောင်းအဝယ်လုပ်ပြီးတာနဲ့မြေဂရန် အရောင်းအဝယ် မှတ်ပုံတင်စာချုပ်နှင့် ဝယ်ယူသူရဲ့ မှတ်ပုံတင်တို့ ကို ယူပြီး မြို့တော်ခန်းမသို့သွားကာမြေဂရန်အမည်ပြောင်း လျှောက်ထားရပါမယ် မြေယာဌာနက သတ်မှတ်တဲ့အမည်ပြောင်းခ၊ သတင်းစာ၊ ကြော်ငြာခတွေပေး သွင်းပြီး ကန့်ကွက်သူရှိ၊ မရှိ တစ်ပတ်၊ ၇ ရက် စောင့်ရပါတယ်။ ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ထားတဲ့ မြေဂရန်မူရင်းကို သက်ဆိုင်ရာက အမည်ပြောင်းလဲမှတ်သားပေးသွားမှာ ဖြစ်ပြီး မြေဂရန်အမည်ပေါက်ရရှိပြီ ဖြစ်ပါတယ်။

How To Read 284 times