အာရှအတွက် မြန်ဆန်သက်သာသော ဂျပန်တံတားဆောက်နည်းများ


01 March, 2020

Kochi Marutaka တခြားလုပ်ငန်းတွေ အင်တင်တင်ဖြစ်မယ့် အလုပ်မျိုးကို

တာဝန်ယူတယ်။ ဥပမာ အာရှမှ တောင် ကျောက်နံရံတစ်လျှောက် တံတားထိုးပေးရမယ့် အလုပ် ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ ကိုချီမြို့မှာ အခြေစိုက်ထားတဲ့ အင်ဂျင်နီယာ ကုမ္ပဏီ Kochi Marutaka မှာ အများနဲ့မတူ တစ်မူထူးခြားတဲ့ နည်းလမ်းတစ်ခုကို သုံးစွဲတယ်။ ရက်မတွေကို လေထဲမှာ ထုတ်ထားပြီး ငြမ်းစင်ပေးဖို့ မလိုဘူး။ ဒီတော့ သမားရိုးကျနည်းလမ်းတွေနဲ့ ယှဉ်လိုက်ရင် ကုန်ကျစရိတ် ၃၀ ရာခိုင်နှုန်း သက်သာတယ်။

Kochi Marutaka ရဲ့ အဦးဆုံး ပင်လယ်ရပ်ခြားအလုပ်က ပါကစ္စတန်နိုင်ငံမှာ ၂ နှစ် စီမံကိန်းတစ်ခု ဖြစ်ပြီး
N-70 အမျိုးသား အဝေးပြေးလမ်းမကြီးရဲ့ အလျား ၃၈၀ မီတာ ရှိတဲ့ ကျဉ်းမြောင်းတဲ့ နေရာကို ချဲ့ထွင်ပေးရတာ ဖြစ်ပါတယ်။ အဲဒီ အဝေးပြေးလမ်းမကြီးက အရှေ့ အနောက် သွေးကြောမကြီး ဖြစ်ပြီး ကျောက်မီးသွေးနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ သယ်ယူပို့ဆောင်နေတဲ့ အဝေးပြေးလမ်းမကြီး ဖြစ်ပါတယ်။ အဲဒီ အဝေးပြေးလမ်းမကြီးကို ဂျပန်အစိုးရက ကြီးကြပ်ပေးပြီး အဆင့်မြှင့်တင်ပါတယ်။ ပါကစ္စတန်ကို ဂျပန်က ပေးတဲ့ ပင်လယ်ရပ်ခြား ဖွံဖြိုးရေး အကူအညီရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။

ခက်ခက်ခဲခဲ ရှိတဲ့မြေအနေအထား နေရာမျိုးတွေမှာ တံတားတွေ ဆောက်တဲ့အခါ လုပ်လေ့လုပ်ထရှိတာက ငြမ်းကို ဤအရင်ဆုံး တပ်ဆင်တာ ဖြစ်ပါတယ်။ အောက်ခြေကတော့ ထောက်တိုင်တွေ ထောင်တယ်။ ပြီးရင် အပေါ်ထိပ်မှာ ရက်မတွေ ပြေးတယ်။
အခုဆောက်လုပ်ပေးရမယ့် တံတားက အမြင့်ပေ ၁ ၅၀၀ မီတာရှိတဲ့ တောင်နံရံတစ်ကြောမှာ ဖြစ်ပါတယ်။ သာမန်ဆောက်လုပ်ရေး နည်းလမ်းတွေကို သုံးစွဲရင် ထောက်တိုင်တွေ ထူပေးရမည့် အပိုအလုပ်တွေ လိုအပ် မယ်။ ပြီးရင် ငြင်းဆင်ပေးရမယ့် အလုပ်တွေ ရှိဦးမယ်။ ဒီတော့ ကုန်ကျစရိတ်တွေ ကြီးမားပါလိမ့်မယ်။ Kochi Marutaka က သမားရိုးကျ နည်းလမ်းတွေအစား SqC Pier နည်းလမ်းကို သုံးစွဲဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲဒါက ကုမွပဏီပိုင် နည်းလမ်း ဖြစ်ပါတယ်။
SqC နည်းမှာ စတီးရက်မတွေနဲ့ ပြုလုပ်ထားတဲ့ ၂၀ ကနေ ၃၀ မီတာရှိတဲ့ ဘလောက်တွေကို အသုံးပြုတယ်။ အဲဒါတွေကို တံတားရက်မများအဖြစ် သုံးစွဲပါတယ်။ ဘလောက်တွေကို အတူတကွ ချိတ်ဆက်ထားတယ်။ ပြီးတဲ့အခါမှာ ရက်မတွေကို လေထဲ ထုတ်ထားလိုက်တယ်။ ရက်မတွေမှာ ထောင်လိုက် အပေါက်တွေ ပါတယ်။ အပေါက်တွေထဲကို ၁၀ ကနေ ၃၀ မီတာရှိတဲ့ ပိုင်တွေ ဖြတ်သန်းပြီး ပိုင်တွေကို မြေမှာ ထိုးစိုက်ပြီး နေရာမရွေ့အောင် ချုပ်ထားလိုက်တယ်။ ဒီတော့ ငြမ်းဆင်နေဖို့ မလိုတော့ဘူး။ လုပ်သားတွေကလည်း ခနော်ခနဲ့ ငြမ်းတွေပေါ် အရဲစွန့်ပြီး လုပ်ကိုင်ရတာမျိုးတွေ ကင်းဝေးတယ်။
ဆောက်လုပ်ဖို့ ကြာတဲ့ကာလကိုလည်း ၃၀ ရာခိုင်နှုန်း တိုသွားစေတယ်။ ပါကစ္စတန်မှာ တံတားစီမံကိန်းကို ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလမှာ ပြီးစီးခဲ့ပါတယ်။

"တည်ဆောက်ပြီးစီးသွားတဲ့အခါ တံတားပေါ်မှာ ကျွန်တော် လမ်းလျှောက်တယ်။ အာရှမှာ အခြေခံအဆောက် အအုံတွေ ပိုလုပ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်" လို့ Kochi Marutaka ရဲ့ အကြီးအကဲ အသက် ၈၃ နှစ်ရှိသူ
Hiroshige Takano က ပြောတယ်။
ကုမ္ပဏီရဲ့ ဆန်းသစ်တီထွင်မှုနဲ့အတူ ကုန်ကျစရိတ်အတွက် အကျိုးထိရောက်မှု ကောင်းတဲ့ တည်ဆောက်ရေး နည်းလမ်းတွေကို အခြေခံအဆောက် အအုံတွေ အရမ်းလိုအပ်နေတဲ့ အာရှမှာ မကြာခင်မှာပဲ လူသိသွားတယ်။ စက်တင်ဘာလမှာ Kochi Marutaka ရဲ့ ဒုတိယမြောက် ပင်လယ်ရပ်ခြား စီမံကိန်းကို ဗီယက်နမ်မှာ စတင်ခဲ့ပါတယ်။ ကုမ္ပဏီအနေဖြင့် မြန်မာနဲ့ ထိုင်း နိုင်ငံများမှာ စီမံကိန်းတွေ ဆွေးနွေးနေတာတွေ ရှိပါတယ်။ မတ်လကုန်မမှာ ကုမ္ပဏီရဲ့ ပင်လယ်ရပ်ခြားလုပ်ကိုင်မှုများမှ ဝင်ငွေ ယန်း သန်း ၆၀၀ ရှိခဲ့ပြီး ကုမ္ပဏီ ဝင်ငွေ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။

တာကာနိုက ဘွဲ့ရပြီးပြီးချင်းမှာ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ နောက်တော့ ဆောက်လုပ်ရေးဖြင့် အသက်မွေးဖို့ လမ်းကြောင်းပြောင်းလဲခဲ့တယ်။
၁၉၆၇ ခုနှစ် သူ့အသက် ၃၀ မှာ Kochi Marutaka ကို ထူထောင်ခဲ့တယ်။ SqC Pier နည်းလမ်းကို ဂျပန် ဆောက်လုပ်ရေး အင်ဂျင်နီယာကဏ္ဍမှ ဂရုပြုခံရတာကြောင့် ၂၀၀၀ ပြည့်နှစ်မှာ ကုမ္ပဏီ အောင်မြင်မှုတွေ ရရှိခဲ့တယ်။ Hiroshima Airport Bridge ကို တည်ဆောက်ခွင့် ရရှိခဲ့တယ်။ အဲဒီနောက်ပိုင်း ဂျပန်နိုင်ငံတစ်လွှားမှာ အလုပ်တွေ လက်ခံရရှိခဲ့တယ်။
Kochi Marutaka ရဲ့ အာရှရည်မှန်းချက်မှာ အခက်အခဲဖြစ်နေတဲ့ စိန်ခေါ်မှုက ကျွမ်းကျင်လုပ်သား အလုံ အလောက် မရရှိတာ ဖြစ်ပါတယ်။
အဲဒီလိုအပ်ချက်ကို ဖြည့်တင်းပေးဖို့အတွက် မြန်မာနိုင်ငံမှာ ၂ နှစ်သင်တန်းကျောင်း ဖွင့်လှစ်ဖို့ အစီအစဉ် ရှိတယ်။ ဂျပန်ဘာသာစကားနဲ့ အင်ဂျင်နီယာပညာတို့ကို သင်ကြားပို့ချပေးမယ်။ သင်တန်းဆင်းတွေကို ကုမ္ပဏီမှာ အလုပ်ခန့်မယ်။
"ကျွန်တော်တို့ရဲ့ အစီအစဉ်က ၂၀၂၃ ခုနှစ် မတ်လကုန်မှာ ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ ပင်လယ်ရပ်ခြား အလုပ်တွေရဲ့ ဝေစုက ကျွန်တော်တို့ရတဲ့ ဝင်ငွေစုစုပေါင်းရဲ့ ထက်ဝက်ဖြစ်လာအောင် လုပ်ဖို့ ဖြစ်ပါတယ်"
လို့ Takano က ပြောတယ်။

Global Read 53 times