အိမ်သုံးလျှပ်စစ်မီတာ ဘယ်လို လျှောက်ထားရမလဲ


24 June, 2021

မိတ်ဆွေတို့အနေဖြင့် မြေကွက်တစ်ခုအပေါ်မှာ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတာနဲ့ အရင်ဆုံးမရှိမဖြစ်လိုတဲ့အရာတစ်ခုကတော့ လျှပ်စစ်မီးဘဲ ဖြစ်ပါတယ်။ လျှပ်စစ်မီးရရှိဖို့အတွက်ဆိုရင် သက်ဆိုင်ရာမြို့နယ်ရဲ့ လျှပ်စစ်အင်ဂျင်နီယာထံမှာ ဘယ်လို လျှောက်ထားရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်သုံးလျှပ်စစ်မီတာကို ဖော်ပြပါ မှတ်ချက်များနှင့် ကိုက်ညီမှသာလျှင် နေ့ချင်းပြီးတပ်ဆင်ပေးပါမှာဖြစ်ပါတယ်။

 

အိမ်သုံးမီတာလျှောက်လွှာပုံစံ


သို့

မြို့နယ်လျှပ်စစ်မှူး/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

________မြို့နယ်/မြို့

ရက်စွဲ ၊       .       .              ။

အကြောင်းအရာ။             အိမ်သုံးမီတာ တပ်ဆင်ခွင့်ပြုပါရန် လျှောက်ထားခြင်း။

                   အထက်ပါကိစ္စနှင့်ပတ်သက်၍ အမှတ်(   )၊ ________လမ်း

________ရပ်ကွက်နေ ကျွန်တော်/ကျွန်မ၏________တွင်

( အိမ်သုံး ) မီတာတစ်လုံး တပ်ဆင်သုံးစွဲခွင့်ပြုပါရန် လျှောက်ထားအပ်ပါသည်။

                   တပ်ဆင်သုံးစွဲခွင့်ပြုပါက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သတ်မှတ်ထား သော အခွန်အခများကိုအကြေပေးဆောင်မည့်အပြင်တည်ဆဲဥပဒေများအတိုင်း လိုက်နာဆောင်ရွက် မည်ဖြစ်ပါကြောင်းနှင့် အိမ်တွင်းဝါယာသွယ်တန်းခြင်းလုပ်ငန်းများကို လျှပ်စစ်ကျွမ်းကျင်လက်မှတ် ရှိသူများနှင့်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုလျှောက်ထားအပ်ပါသည်။

တပ်ဆင်သုံးစွဲလိုသည့်လိပ်စာ

________

လေးစားစွာဖြင့်

________

( အခကြေးငွေဖြင့် ရောင်းချခြင်းခွင့်မပြု)

 

အိမ်သုံးမီတာ လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များ ပြည့်စုံစွာပါရှိရန် သတ်မှတ်ထား ရှိပါသည်-

(၁)   မှတ်ပုံတင်မိတ္တူ (မူရင်းယူဆောင်လာစေခြင်း)

(၂)   သန်းခေါင်စာရင်းမိတ္တူ (မူရင်းယူဆောင်လာစေခြင်း)

(၃)   ပိုင်ဆိုင်မှု စာချုပ် / အထောက်အထား (မူရင်းယူဆောင်လာစေခြင်း)

 

၀န်ကြီးဌာနအနေဖြင့် လျှပ်စစ်ကြောင့် အန္တရာယ် မဖြစ်စေသည့် ဓာတ်အားသုံးစွဲမည့် အဆောက်အဦးများအတွက် အိမ်သုံးမီတာ၊ လုပ်ငန်းသုံးမီတာနှင့် ထရန်စဖော်မာ မီတာများ တင်ပြလျှောက်ထားရာတွင် လျှောက်ထားသည့် အချိန်မှစ၍ ဓာတ်အားဆက် သွယ်သည့်အချိန်အထိ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များအတိုင်း စိစစ်ဆောင်ရွက်လျက်ရှိပါသည်-

(၁)   သတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီမှု ရှိ/ မရှိ စာရွက်စာတမ်းနှင့် အထောက် အထားပိုင်းဆိုင်ရာများ စစ်ဆေးခြင်း၊ ၂၃၀ (သို့) ၄၀၀ ဗို့ ဓာတ်အားလိုင်းနှင့် ပေ ၃၀၀ အတွင်း ရှိ/ မရှိ ၊ ဓာတ်အားဆက်သွယ်ပေးမည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ဝန်အားနိုင်နင်းမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

(၂)   သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက အောက်ဖော်ပြပါ သတ်မှတ်နှုန်းထား များအတိုင်း ပေးသွင်းစေခြင်း

စဉ်

အကြောင်းအရာ

ကောက်ခံရမည့်နှုန်းထား (ကျပ်)

ကျေးလက်ဒေသသုံး (/၃၀)

(Manal)

မြို့ငယ်သုံး (/၃၀)

(HHU)

မြို့ကြီးသုံး (၁၀/၆၀)

(HHU)

               ၁               

၂  

 

 

         က         

အိမ်သုံးမီတာသတ်မှတ်ကြေ

အခြားကုန်ကျစရိတ်

အာမခံစဘော်ငွေ 

ကြိုးသွယ်ခ 

မီးဆက်ခ

ကြီးကြပ်ခ

မီတာလျှောက်လွှာမှတ်ပုံတင်ကြေး

၃၅၀၀၀

 

၄၀၀၀

၂၀၀၀

၂၀၀၀

၁၀၀၀

၁၀၀၀

၆၅၀၀၀

 

၄၀၀၀

၂၀၀၀

၂၀၀၀

၁၀၀၀

၁၀၀၀

၈၀၀၀၀

 

၄၀၀၀

၂၀၀၀

၂၀၀၀

၁၀၀၀

၁၀၀၀

 

 

စုစုပေါင်း

၄၅၀၀၀

၇၅၀၀၀

၉၀၀၀၀

(၃)   သတ်မှတ်ကြေးများ ပေးသွင်းပြီးပါက မီတာ တပ်ဆင်ပေးပြီး မီတာအထွက် Breaker အထိ ဓာတ်အားဆက်သွယ်ပေးခြင်း      

အထက်ဖော်ပြပါ အိမ်သုံးမီတာ၊ အသစ်တပ်ဆင်ခြင်း (မီးသုံးသူအသစ် စာရင်းရေးသွင်းခြင်း)နှင့် စပ်လျဉ်း၍ မီတာစတင်လျှောက်ထားသည့်မှ မီတာဖတ် မှတ်တမ်းထွက်ပြီးသည်အထိ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများရှိ ဌာနအသီးသီးမှ အောက် ဖော်ပြပါအတိုင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား လိုက်နာဆောင်ရွက်လျက် ရှိပါသည်-

(က)  စီမံခန့်ခွဲရေးဌာန။        လျှောက်လွှာသစ်များ လက်ခံခြင်းဘုံမှတ်တမ်း(လျှပ်စစ်ပုံစံ -၂၈၄)ရေးသွင်းခြင်း၊ သတ်မှတ်ထားသော အချက်များနှင့်အညီ ဓာတ်အားဆက် သွယ်ရန် လျှောက်လွှာပုံစံနှင့် စာချုပ်ပုံစံ(လျှပ်စစ်ပုံစံ-၁၆)၊ ဓာတ်ကြိုးတပ်ဆင်ရန် လျှောက်လွှာ(လျှပ်စစ်ပုံစံ-၂၅၈)လက်ခံခြင်း။

(ခ)    ဘဏ္ဍာရေးဌာန။         မှတ်ပုံတင်ကြေးအား ငွေရပြေစာ(လျှပ်စစ်ပုံစံ -၂၃) ဖြင့် လက်ခံခြင်း။

(ဂ)    အင်ဂျင်နီယာဌာန။       လုပ်ငန်းကုန်ကျစရိတ် တွက်ချက်ခြင်းနှင့် လုပ်ငန်းဆောင် ရွက်ရန် ညွှန်ကြားခြင်း၊ (လျှပ်စစ်ပုံစံ -၁၃၈) ဖြင့် မီတာတပ်ဆင်ရန် စစ်ဆေးခြင်း။

(ဃ)  စီမံခန့်ခွဲရေးဌာန။        မီတာတပ်ဆင်ရန် စစ်ဆေးပြီးပါက ကျသင့်ငွေ ပေးသွင်း ရန် အကြောင်းကြားစာ(လျှပ်စစ်ပုံစံ-၂၄) ရေးသွင်းခြင်း။

(င)    ဘဏ္ဍာရေးဌာန။         ကြိုးသွယ်ခ၊ ကြီးကြပ်ခ၊ မီးဆက်ခအား (လျှပ်စစ်ပုံစံ-၂၃) မီတာသတ်မှတ်ကြေး(လျှပ်စစ်ပုံစံ-၂၃)နှင့် အာမခံစဘော်ငွေ(လျှပ်စစ်ပုံစံ-၉၅)လက်ခံခြင်း၊ (လျှပ်စစ်ပုံစံ-၂၆၈) မှတ်ပုံတင် ရေးသွင်းခြင်း။

(စ)    စီမံခန့်ခွဲရေးဌာန။        လျှပ်စစ်ပုံစံ-၁၃၈တွင် ငွေရပြေစာအမှတ် ရေးသွင်းပြီး မြို့နယ်လျှပ်စစ်မန်နေဂျာမှ လက်မှတ်ရေးထိုး၍ မီတာထုတ်ယူရန် အင်ဂျင်နီယာဌာန သို့ ပေးပို့ခြင်း။

(ဆ)   အင်ဂျင်နီယာဌာန။       မီတာတပ်ဆင်ရန်အတွက် ပစ္စည်းစီမံရေးဌာနသို့ ပစ္စည်း တောင်းခံလွှာ လျှပ်စစ်ပုံစံ-၂၅(က)ဖြင့် မီတာတောင်းခံခြင်း။

(ဇ)    ပစ္စည်းစီမံရေးဌာန။       မီတာအား ပစ္စည်းထုတ်ပေးလွှာပုံစံ-၂၅(ခ)ဖြင့် ထုတ်ပေးခြင်း၊ မီတာမှတ်ပုံတင်စာအုပ်(လျှပ်စစ်ပုံစံ-၆၆)၊ ဘင်းကဒ်(လျှပ်စစ်ပုံစံ-၂၆) ရေးသွင်းခြင်း။

(စျ)   အင်ဂျင်နီယာဌာန။       ထုတ်ယူရရှိသော မီတာကို သွားရောက်တပ်ဆင်ခြင်း၊ ပုံစံ များပါသော အမှုတွဲကို စီမံခန့်ခွဲရေးဌာနသို့ ပေးပို့ခြင်း။

(ည)  စီမံခန့်ခွဲရေးဌာန။        မီတာအသစ်ဆက်ခြင်း၊ ဘုံမှတ်တမ်း(လျှပ်စစ်ပုံစံ-၂၈၀) ရေးသွင်းခြင်း။

 (ဋ)    ဘဏ္ဍာရေးဌာန။         မီတာဖတ်ကဒ်ပြား(လျှပ်စစ်ပုံစံ-၇၆) ရေးသွင်းခြင်း၊ ဓာတ် အားသုံးစွဲသူများလယ်ဂျာ(လျှပ်စစ်ပုံစံ-၄၃)ရေးသွင်းခြင်း၊ လျှပ်စစ်ပုံစံ-၉၅ လက်ခံ တွင် မီတာအမှတ်နှင့် စာရင်းအမှတ် ရေးသွင်းခြင်း၊ မီတာဖတ်ခြင်း၊ ဘီလ်ထုတ်ခြင်း။

How To Read 751 times