online ကနေ လုပ်ငန်းလိုင်စင် ဘယ်လိုလျှောက်မလဲ


02 April, 2019

online မှလုပ်ငန်းလိုင်စင်လျှောက် ထားရာတွင် လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအားပူးတွဲတင်ပြရပါမည်။

(၁) လုပ်ငန်းအမျိုးအစားနှင့်သက်ဆိုင်သော ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်(လုပ်ငန်းအမျိုးအစားနှင့်သက်ဆိုင်သော ဝန်ကြီးဌာန၏ ခွင့်ပြုမိန့် လိုအပ်ချက်များအားအောက်ပါ Linkတွင်ဝင်ရောက်ကြည့်ရူ့နိုင်ပါသည်။

 https://app.ycdc.gov.mm/business_license/information.php

(၂) စက်မှုဇုန်ကော်မတီ၏ ထောက်ခံချက်နှင့် အနီးဆုံး ပတ်ဝန်းကျင် (၁၀) ဦး ထောက်ခံချက်

(၃) လုပ်ငန်းတည်နေရာအတွက် ပိုင်ဆိုင်ခွင့် အထောက်အထား (ဥပမာ- အငှားစာချုပ်)

(၄) လုပ်ငန်းရှင် (နိုင်ငံသား ဖြစ်ပါက) နိုင်ငံသားစီစစ်ရေးကဒ်၊ (နိုင်ငံခြားသားဖြစ်ပါက) ပတ်စ်ပို့ မိတ္တူ၊ လိုင်စင် ဓာတ်ပုံ (၃) ပုံ

(၅) လုပ်ငန်းတည်နေရာ

(၆) လုပ်ငန်းတည်နေရာပြမြေပုံ

(၇)အခြားအထောက်အထားစာရွက်စာတမ်းများအားလိုအပ်ပါက ထပ်မံတင်ပြရမည်ဖြစ်ပါသည်။

        online Application လက်ခံရရှိပါကသက်ဆိုင်ရာခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အားအကြောင်းကြားမည်ဖြစ်ပါသည်။

        ယင်းသို့ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တစ်ပြိုင်တည်း တောင်းခံမည်ဖြစ်ပါသည်။

        အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက ယင်းရက်မှ(၂)ပတ်အတွင်း(ရုံးပိတ်ရက်မပါ)လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်ဖြစ်ပါသည်။

        ခွင့်ပြုချက်ရရှိ၍မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတွင် ငွေပေးသွင်းပြီးပါက လိုင်စင်ကတ် ပြားထုတ်ပေးမည်ဖြစ်ပါသည်။

    

        မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမူ ကော်မရှင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အဆင်သင့်တင်ပြခွင့်ပြုချက် ရယူပြီးမှသာ လုပ်ငန်းလိုင်စင်ခွင့်ပြုပေးမည်ဖြစ်ပါသည်။

        လုပ်ငန်းလိုင်စင်ခွင့်ပြုချက်လျှောက်ထားလိုပါကအောက်ပါ Linkတွင်လျှောက်ထားနိုင်ပါသည်။

https://app.ycdc.gov.mm/business_license/license_business.php

How To Read 60 times