အိမ်တစ်အိမ်ဆောက်လုပ်ပြင်ဆင်တဲ့အခါ Painting Method ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဆေးအရောင်တွေဆိုတာ သင့်ရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲစေနိုင်ရုံသာမက သင့်အခန်းအရွယ်အစားကိုပါ ပြောင်းလဲပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။
အိမ်သုတ်ဆေးအရောင်ကိုသာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်မယ်ဆိုရင် သင့်မျက်စိကို လှည့်စားပြီး ကျဉ်းနေတဲ့အခန်း ကျယ်သွားသလို၊ ကျယ်နေတဲ့အခန်း ကျဉ်းသွားသလို ခံစားရစေမှာပါ။
ဒါကြောင့် သင့်အခန်းကို ပြောင်းလဲသွားစေမယ့် အိမ်သုတ်ဆေးအရောင်နှင့် ဆေးသုတ်နည်း (၉) မျိုးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
၁။ Expand the Space
ကျဉ်းနေတဲ့အခန်း ကျယ်ချင်တယ်ဆိုရင် နံရံတွေ၊ မျက်နှာကြက်တွေကို အရောင်တူတစ်မျိုးတည်းကိုသာ သုံးသင့်ပါတယ်။ အထူးသဖြင့် အဖြူရောင်ပါ။ အဖြူရောင်က မျက်စိရှင်းတဲ့အရောင်ဖြစ်တဲ့အတွက် အခန်းကို ကျယ်ဝန်းတယ်လို့ မြင်ယောင်စေပါတယ်။
၂။ Stretch Space Horizontally
အခန်းကို အလျားလိုက် ကျယ်ချင်တာမျိုးဆိုရင် မျက်နှာကြက်ကို အဖြူရောင် ထားပြီး နံရံအရောင်ကို နှစ်ရောင်စပ် သုံးပါ။ နံရံအပေါ်ဘက်ခြမ်းကို အရောင်ရင့်ရင့် သုံးပြီး အောက်ဘက်ခြမ်းကို အရောင်နုနု (သို့) အဖြူရောင် သုတ်ရပါမယ်။
၃။ Make It Smaller
ကျယ်နေတဲ့အခန်းကို ကျဉ်းသွားစေချင်တယ်ဆိုရင် အခန်းတစ်ခုလုံးကို တူညီတဲ့ အရောင်ရင့်ရင့်တစ်မျိုးတည်းကို သုံးပါ။ ဒီလိုပုံစံမျိုးဆို ကိုယ့်ရဲ့ အိပ်ခန်း ဒါမှမဟုတ် စာကြည့်ခန်းလေးနဲ့ သင့်တော်ပါတယ်။
၄။ Elongate It
အခန်းကို အနံ ရှည်ချင်တာဆိုရင် ထောင့်မှန်စတုဂံပုံဟု ယူဆပြီး မျက်နှာကြက်နဲ့ အလျားတိုတဲ့ နံရံကို မီးခိုးရင့် (သို့) အပြာရင့် သုံးပြီး ကျန်နံရံတွေကို အဖြူရောင် သုံးရပါမယ်။
၅။ Shorten the Room
အခန်းအနံ တိုချင်တာဆိုရင် အလျားတိုတဲ့ နံရံကို အရောင်ရင့်ရင့် ဆေးသုတ်ပြီး မျက်နှာကြက်နဲ့ ကျန်နံရံကိုတော့ အဖြူရောင် သုံးပေးလိုက်ပါ။
၆။ Make It Taller
အခန်းကို မြင့်သွားစေချင်တယ်ဆိုရင် မျက်နှာကြက်ကို အရောင်နုနု (အဖြူရောင်) သုတ်ပြီး အခန်းနံရံတွေကိုတော့ အရောင်ရင့်ရင့် (မီးခိုရောင်ရင့်) သုံးပေးလိုက်ပါ။
၇။ Lower the Ceiling
အခန်းကို နိမ့်သွားချင်တယ်ဆိုရင် မျက်နှာကြက်ကို အရောင်ရင့်ရင့် ခြယ်ပြီး ကျန်ရှိနေတဲ့ နံရံတွေကို အဖြူရောင်တွေ သုံးပါ။
၈။ Cozy Vibe
အခန်းက ကျယ်ပြီး နွေးထွေးတဲ့ ပုံစံမျိုးလေး ရချင်တယ်ဆိုရင် (အခန်းက ထောင့်မှန်စတုဂံပုံစံဆိုပါစို့) အလျားတိုတဲ့ နံရံနဲ့ မျက်နှာကြက်ကို အဖြူရောင်သုတ်ပြီး ကျန်ရှိနေတဲ့ နံရံတွေကိုတော့ အရောင်ရင့်ရင့် သုံးပေးရပါမယ်။
၉။ Highlight a Wall
နံရံကပ်ပစ္စည်းတွေကို ပိုပေါ်လွင်ချင်တယ်ဆိုရင် အဲ့ပစ္စည်းတွေ ထားထားတဲ့ နံရံကို Focus ထားပြီး အဖြူရောင် (အရောင်နုနု) သုံးပါ။ မျက်နှာကြက်နဲ့ ကျန်နံရံတွေကိုတော့ အရောင်ရင့်ရင့် ဆေးခြယ်ပါ။ ဒါမှ နံရံပေါ်မှာ ထားမယ့် အလှဓာတ်ပုံတွေ၊ ပန်းချီတွေက အဖြူရောင်ပေါ်မှာမို့ ပိုပြီး ထင်းနေမှာပါ။
အပေါ်မှာ ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို သုံးပြီး ကိုယ့်အခန်းကို ပုံစံ (၉) မျိုးလောက် ပြောင်းလဲးနိုင်မှာဖြစ်ပါတယ်။