ချေးငွေဖြင့် အိမ်ရာဝယ်ယူမည့်သူများအတွက် ဘယ်လို အာမခံစနစ်တစ်ခု အကောင်အထည်ဖော်နေတာလဲ???


09 December, 2020

 ချေးငွေဖြင့် အိမ်ရာဝယ်ယူမည့်သူများအတွက် အာမခံစနစ်တစ်ခု အကောင်အထည်ဖော်မည်အစိုးရထံမှ အိမ်ရာချေးငွေဖြင့် အိမ်ရာဝယ်ယူမည့်သူများအတွက် အာမခံစနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

        အိမ်ရာချေးငွေရယူလိုသူများအတွက် အာမခံချက်နှစ်မျိုးဖြင့် ရောင်းချသွားမည်ဖြစ်ရာ တစ်မျိုးမှာ အလုပ်ရှင်၏ ထောက်ခံချက်ဖြင့် ဝယ်ယူနိုင်မည့်စနစ်ဖြစ်ကြောင်း သိရသည်။ “ နောက်ထပ် အာမခံတစ်ခုကတော့ ဒီအိမ်ကိုဝယ်တဲ့သူကို အာမခံကုမ္ပဏီတစ်ခုမှာ အာမခံထားရေးကိစ္စ ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဂျပန်ကုမ္ပဏီတစ်ခုနဲ့ မြန်မာ့အာမခံလုပ်ငန်းနဲ့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ သဘောတူညီချက်လည်း ရထားပြီးပါပြီ “ ဟု ယင်းက ပြောသည်။

        ထိုသို့ အကောင်အထည်ဖော်ရန်အတွက် မြန်မာ့အာမခံလုပ်ငန်းနှင့် ဂျပန်အာမခံကုမ္ပဏီတစ်ခုဖြင့် ညှိနှုင်းဆောင်ရွက်လျက်ရှိပြီး သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း၊ ထိုအာမခံစနစ်သည် အိမ်ရာချေးငွေဖြင့် အိမ်ရာဝယ်ယူထားသူ သေဆုံးမှု၊ အလုပ်အကိုင်ဆုံးရှုံးမှုများအတွက် ချေးငွေပြန်လည် မပေးသွင်းနိုင်ပါက ကြားခံအာမခံ ကုမ္ပဏီမှ ကိုယ်စားပေးလျော်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုစနစ်ကို စတင်အသုံးပြုရန်အတွက် စီစဉ်နေပြီး မကြာမီ အများပြည်သူထံ မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

How To Read 55 times