အိမ်ရောင်းဖို့ ကြည့်ကောင်းတဲ့ဓာတ်ပုံရိုက်နည်းများ


05 March, 2019

အိမ်ရောင်းဖို့အတွက် Online မှာဓါတ်ပုံတင်တဲ့အခါ သင့်အိမ်ရဲ့ အပြင်အဆင် က စိတ်ဝင်စားစရာကောင်းဖို့နဲ့ ပွဲစားတွေ၊ ဝယ်သူတွေကို ဖမ်းစားနိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် အခုပြောပြပေး မယ့်နည်းလမ်းတွေကို ဓါတ်ပုံရိုက်မယ့်နေ့မတိုင်ခင် ပြင်ဆင်ပြုလုပ်မယ်ဆိုရင် သင့်အိမ်ရောင်းထွက်ဖို့အတွက် အကူအညီကောင်းတစ်ခုဖြစ်မှာပါ။

(1) ရေချိုးခန်းထဲကမလိုအပ်တော့တာတွေကို ဖယ်ထုတ်ပါ။

ရေနှူးနေတဲ့ဆပ်ပြာကို စင်ပေါ်ကနေဖယ်ရှားပါ။ ရေချိုးခန်းနဲ့ သန့်စင်ခန်းသုံးပစ္စည်းတွေဖြစ်တဲ့ များပြား လှတဲ့ထုတ်ကုန်တွေကို ရေချိုးခန်းနဲ့သန့်စင်ခန်းထဲမှာ အကုန်သိုလှောင်ထားဖို့ကိုအကြံပေးချင်ပါတယ်။ ရေချိုးခန်းလိုက်ကာတွေကိုဆွဲဖွင့်ထားတာ၊ မှန်တွေကိုသန့် ရှင်းရေးလုပ်တာတွေအပြင် အိမ်သာကမုတ်ကိုပိတ်ထားပါ။ ပြီး ရင်တော့ ရေချိုးခန်းကိုအလင်းရောင်ရရှိအောင်ပြုလုပ်ထားပါ။ နောက်ပြီး နှူးညံ့တဲ့အဖြူရောင်သဘက်တစ်ထည်သင့်မှာရှိတယ်ဆိုရင် အသုံးပြုထားတာကြာနေပြီဖြစ်တဲ့ သဘက်အ ဟောင်း ကို ဖယ်ရှား လိုက်ပါ။. ဒီလိုဝယ်ယူထားတဲ့ သဘက် အသစ်တစ်ခုမရှိဘူးဆိုရင်တော့ နဂိုအဝတ်ကိုသန့်ရှင်းအောင်ပြုလုပ်ပြီး ထားထားလိုက်ပါ။

(2) အိပ်ရာခင်းပေါ်ကအဝတ်တွေကိုရှင်းလင်းပါ။

ဓါတ်ပုံတွေကနေ မကောင်းတဲ့အရာ၊မပြည့်စုံတဲ့အရာမှန်သမျှကို မြင်ရတဲ့အတွက် ထိန်းသိမ်းဖို့လိုအပ်ပါ တယ်။ ဒါ့ကြောင့် ဓါတ်ပုံရိုက်မယ့်နေ့မှာ မရိုက်ခင်အချိန်အနည်းငယ်လောက်ကို အိပ်ရာပေါ်ကမလိုတဲ့အရာတွေ ကို ရှင်းထုတ်ဖို့စီစဉ်လိုက်ပါ။ သင့်ရဲ့အိပ်ခန်းလေးက ဓါတ်ပုံထဲမှာအလှဆုံးဖြစ်နေဖို့အတွက်ကတော့ ခေါင်းအုံး အပေါ် ပျော့ပျောင်းတဲ့ခြုံထည်ထင်ထားတာ၊ တောင့်တင်းတဲ့ အိပ်ရာခင်းကိုအပေါ်ကိုဆွဲတင်ထားတာမျိုးတွေ လုပ်ပေးပါ။ နောက်ဆုံးအနေနဲ့ အိပ်ရာဘေးကစားပွဲခုံပေါ်က အရေးကြီးပစ္စည်းတွေမပျောက်အောင်နဲ့ ရှုပ်ထွေး မနေအောင် ပစ္စည်းတွေကိုအချိန်ခဏလောက်ဖယ်ရှားထားလိုက်ပါ။

(3) လျှောက်လမ်းတစ်လျှောက်မှာရှိတဲ့ မလိုတာတွေကိုသိမ်းထားပါ။

သင့်အိမ်ကိုဓါတ်ပုံရိုက်တဲ့ရည်ရွယ်ချက်က သင့်အိမ်ကကျယ်ဝန်းပြီး သန့်ရှင်းနေတယ်ဆိုတာကိုပြသဖို့ ဖြစ်သလို သင့်အိမ်ကိုဝယ်ယူမယ့်သူတွေလာရောက်ကြည့်ဖို့ဖိတ်ခေါ်ခြင်းလည်းဖြစ်မှာပါ။ ဒါ့ကြောင့် မလိုအပ်တဲ့ အရာတွေကို တတ်နိုင်သလောက်ဖယ်ထုတ်ပြီး စိတ်ဝင်စားစရာကောင်းအောင်ဖန်တီးလိုက်ပါ။ ဖိနပ်စင်၊ စာရွက် စာတမ်းတွေနဲ့mailအတွက် ဖိုင်၊ Remote controls၊ magazines၊ ကလေးကစားစရာ၊ အိမ်မွေးတိရစ္ဆာန်အစာ ကျွေးတဲ့ခွက် စတာတွေနဲ့ ရူပ်ပွနေတဲ့ သံတိုသံစ၊ ဓါတ်ပုံအသေးအမွှားစတာတွေကို ဓါတ်ပုံဆရာရောက်မလာခင် သိမ်းထားလိုက်ပါ။

(4) မီးခလုတ်တွေကိုဖွင့်ထားပါ။
ဓါတ်ပုံရိုက်မယ့်နေ့မှာ သင့်အိမ်ကသဘာဝအလင်းရောင်နည်းနေရင် လိုအပ်တဲ့ အလင်းပမာဏကို ဓါတ်ပုံဆရာက studio Lighting သုံးပြီးရိုက်ကူးပေးလိမ့်မယ်လို့ တစ်ထစ်ချမယူဆထားပါနဲ့။

ဘာလို့လဲဆိုတော့ ဓါတ်ပုံဆရာအနေနဲ့ တစ်ခုခုကြောင့်မေ့နေတာမျိုးတွေရှိနိုင်တတ်ပြီး သင့်အိမ်ကမီးခလုတ်တွေကို ရှာမတွေ့နိုင် တာတွေလည်းဖြစ်တတ်ပါတယ်။ ဒါ့ကြောင့်ဓါတ်ပုံမရိုက်ခင် အချိန်ခဏယူပြီး အလင်းရောင်ရနိုင်မယ့် မီးသီး၊ မီးအိမ် စတာတွေကိုဖွင့် ထားပြီး အပြင်ကအလင်းရောင်ကောင်းကောင်းရအောင်လို့ လိုက်ကာနဲ့ Shade စတာ တွေကိုဖွင့်ထားမထားဆိုတာ နောက်တစ်ခေါက်ထပ်စစ်ဆေးပါ။

(5) ထူးခြားမူများကို အဓိကထားပါ။
သင့်မှာချစ်စရာကောင်းတဲ့ gas မီးဖိုထားဖို့နေရာ ဒါမှမဟုတ် ပုံမှာပြထားသလို မီးတောက်တွေပြုလုပ် လို့ရတဲ့နေရာလေးတစ်ခုရှိရဲ့လား။ ရှိတယ်ဆိုရင်တော့ သင့်အိမ်ကိုဓါတ်ပုံရိုက်မယ့်နေ့မှာ မီးအလင်းကိုသေချာ လေးလုပ်ပါ။ အဲ့အတိုင်းပဲ သင့်မှာ hot tab ဒါမှမဟုတ် အိမ်နောက်ဖေးမှာရေကူးကန်လိုမျိုး ဟိုက်လိုက်ဖြစ်နိုင် တဲ့အရာတွေရှိတယ်ဆိုရင် အဲဒါတွေကိုဓါတ်ပုံထဲမှာထင်ရှားမူရှိအောင်ပြုလုပ်ပါ။ ဒါပေမယ့် သန့်ရှင်းနေဖို့တော့ လိုအပ်ပါလိမ့်မယ်။

(6) ကြည့်ကောင်းနေဖို့ကို အာရုံစိုက်ပါ။
ဒီအချိန်က major landscape အပြောင်းအလဲနဲ့ပက်သက်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် မြက်ခင်းပြင် ကပြန်မစိမ်းလန်းတော့တာပဲဖြစ်ဖြစ် အဲဒါမျိုးတွေကို စိုးရိမ်ရမယ့်အချိန်မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုစိုးရိမ်နေ မယ့်အစား အမြန်ပြင်ဆင်ဖို့ကိုသာအာရုံထားပြီး ဓါတ်ပုံထဲမှာသင့်အိမ်က ကြည့်ကောင်းနေစေဖို့အတွက်သာ ပြုလုပ်သင့်ပါတယ်။

ပန်းပင်ကမကောင်းတော့တဲ့အပွင့်တွေကိုညှပ်ပစ်တာနဲ့ အပင်ကကြွေကျလာတဲ့သစ်ရွက် တွေကိုဝင်ပေါက်နဲ့အဝေးဆုံးကိုလှည်းထုတ်တာတွေပြုလုပ်ပြီး ရှုပ်ပွနေတဲ့အရာတွေကိုခြံပြင်ကိုရှင်းထုတ်ပါ။ ပြီး ရင်တော့ ပန်းအိုးထဲကပန်းပင်ရဲ့အပွင့်အဖူးလေးတွေကို လှပသွားအောင်ပြုပြင်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ ခြံဝန်းလေးကကြည့်ကောင်းနေတော့မှာသေချာပါတယ်။ သင့်အိမ်ကိုလမ်းမပေါ်ကနေရိုက်ဖို့ ဓါတ်ပုံဆရာကအ ဆင်သင့်ဖြစ်ပြီဆိုရင် ကားကို အိမ်ရဲ့အရှေ့မှာထားခဲ့ဖို့လိုပါတယ်။ ဒီလိုမှသာသင့်အိမ်ရဲ့မြင်ကွင်းကို ရှင်းရှင်း လင်းလင်းမြင်နိုင်မှာပါ။

အကုန်လုံးပြီးသွားပြီဆိုရင်တော့ နောက်ဆုံးအနေနဲ့ သင့်အိမ်ပတ်ဝန်းကျင်မှာ ပရိဘောဂတွေကသေ သေသပ်သပ်ရှိရဲ့လား၊ အမှိုက်တွေကိုရောသေချာရှင်းလင်းပြီးရဲ့လား စတာတွေစစ်ဆေးပါ။ ဒီလိုစစ်ဆေးမူတွေ ပါပြုလုပ်ပြီးပြီဆိုရင်တော့ သင့်အိမ်က အိမ်ဝယ်ချင်သူတွေကြားထဲမှာ ရေပန်းစားလူကြိုက်များနေမှာပါ။


 

How To Read 138 times